Quran with Burmese translation - Surah Ghafir ayat 23 - غَافِر - Page - Juz 24
﴿وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ ﴾
[غَافِر: 23]
﴿ولقد أرسلنا موسى بآياتنا وسلطان مبين﴾ [غَافِر: 23]
Ba Sein ၂၃၊၂၄။ လွန်လေပြီးသောအခါဝယ် ငါအရှင်မြတ်သည် တမန်တော်(မူစာ)ကို မုချဧကန်ငါ့ကျမ်းတော်နှင့်တကွ ထင်ရှား ခိုင်မာသောအမိန့်တော်ကို ပေးသနားတော်မူပြီးလျှင် ဖွာရော၊ ဟာမန်နှင့် ကိုရာဟ်တို့ထံ စေလွှတ်တော်မူ၏၊ သူတို့သည် တမန်တော်အား မုသားဆိုသူမျက်လှည့်ဆရာဟု ပုတ်ခတ်ကြ၏။ |
Ghazi Mohammad Hashim ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာအား ငါအရှင်မြတ်၏အမိန့်တော်များအပြင် ထင်ရှားသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ |