Quran with Burmese translation - Surah Ghafir ayat 5 - غَافِر - Page - Juz 24
﴿كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَٱلۡأَحۡزَابُ مِنۢ بَعۡدِهِمۡۖ وَهَمَّتۡ كُلُّ أُمَّةِۭ بِرَسُولِهِمۡ لِيَأۡخُذُوهُۖ وَجَٰدَلُواْ بِٱلۡبَٰطِلِ لِيُدۡحِضُواْ بِهِ ٱلۡحَقَّ فَأَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ ﴾
[غَافِر: 5]
﴿كذبت قبلهم قوم نوح والأحزاب من بعدهم وهمت كل أمة برسولهم ليأخذوه﴾ [غَافِر: 5]
Ba Sein ၅။ ထိုသူယုတ်မာတို့မရှိသေးမီ လွန်လေခဲ့ပြီးသောကာလများစွာက လူများတို့သည် ၎င်းတို့၏ တမန်တော်အသီးသီး ကို မယုံကြည်၊ ငြင်းပယ်ကြ၏၊ ထိုသူများမှာ တမန်တော်နူဟို၏ အသင်းသားများနှင့် ၎င်းတို့နောက်ဆင့်ဆက် ပေါက်ဖွားကြသောသင်းပေါင်းများစွာတို့ဖြစ်ကြ၏၊ ထိုမစ္ဆာဒိဋ္ဌိအသင်းအသီးသီးတို့သည် သူတို့၏ တမန်တော် များကို ဖမ်းဆီးသတ်ဖြတ်ပစ်ရန် ကြံစည်ကြ၏၊ သူတို့သည် မှန်ကန်သောသာသနာညှိုးမှိန်ကွယ်ပျောက်အောင် တမန်တော်များနှင့် မဟုတ်မဟတ်ငြင်းခုန်ကြ၏၊ ယင်းသို့တရားမဖက် အမိုက်ပွားသူအားလုံးတို့ကို အကုန်အစင် ငါအရှင်မြတ် ဖျက်ဆီးတော်မူလိုက်၏၊ ငါတပ်ရိုက်စီရင်တော်မူသောအပြစ်ဒဏ်တော်သည် အဘယ်မျှလောက် ပြင်းပြသည်ကို သင်တို့စဉ်းစားဆင်ခြင်ကြသလော။ |
Ghazi Mohammad Hashim ဤသူတို့အလျင်(နဗီတမန်တော်)"နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ ထို"နူးဟ်"၏အမျိုးသားတို့ ၏နောက်တွင် (ပေါက်ဖွားခဲ့သော) အုပ်စုများသည်လည်းကောင်း၊(ရစူလ်တမန်တော်များအား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေသည်။ ထို့ပြင် အုပ်စုတိုင်းသည် မိမိတို့(ထံ ပွင့်ရောက်ခဲ့သော) ရစူလ်တမန်တော်အား ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်ပြင် ၎င်းတို့သည် အမှားကိုလက်ကိုင်ထား၍ ယင်းအမှားဖြင့် အမှန်ကို တိမ်းပါးစေအံ့သောငှာ (ရစူလ်တမန်တော်များနှင့်) အငြင်းအခုံပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် မည်သို့ရှိခဲ့ဘိသနည်း။ |
Hashim Tin Myint ဤသူများမတိုင်မီက (တမန်တော်)နူးဟ်၏အမျိုးသားများနှင့် သူတို့နောက်မှ အုပ်စုများသည်လည်း မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အုပ်စုတိုင်းသည် သူတို့၏တမန်တော်ကို ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်အပြင် သူတို့သည် အမှားကို လက်ကိုင်ထားပြီး ထိုအမှားနှင့်အမှန်ကို ဝေခွဲရခက်စေဖို့ (တမန်တော်မျာနှင့်) အငြင်းအခုံပြုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ |