Quran with Burmese translation - Surah Ghafir ayat 70 - غَافِر - Page - Juz 24
﴿ٱلَّذِينَ كَذَّبُواْ بِٱلۡكِتَٰبِ وَبِمَآ أَرۡسَلۡنَا بِهِۦ رُسُلَنَاۖ فَسَوۡفَ يَعۡلَمُونَ ﴾
[غَافِر: 70]
﴿الذين كذبوا بالكتاب وبما أرسلنا به رسلنا فسوف يعلمون﴾ [غَافِر: 70]
Ba Sein ၇ဝ။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ငါအရှင်မြတ်၏ တမန်တော်များအား ချပေးသနားတော်မူသောပညတ်တရားတော် များကို မယုံကြည်ပယ်ရှားသောသူမိုက်တို့သည် ကာလမကြာမြင့်မီ သိကြရလတ့ံ။ |
Ghazi Mohammad Hashim အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။ |
Hashim Tin Myint အကြင်သူများသည် ကျမ်းတော်နှင့် ငါအရှင်မြတ်က ငါအရှင်မြတ်၏တမန်တော်များအားပေးပြီး စေလွှတ်တော်မူသောအရာ (အမိန့်ပညတ်ချက်)များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။ သို့ဖြစ်ရာ မကြာမီ သူတို့သည် သိရှိကြရလိမ့်မည်။ |