Quran with Burmese translation - Surah Ad-Dukhan ayat 37 - الدُّخان - Page - Juz 25
﴿أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٖ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ ﴾
[الدُّخان: 37]
﴿أهم خير أم قوم تبع والذين من قبلهم أهلكناهم إنهم كانوا مجرمين﴾ [الدُّخان: 37]
Ba Sein ၃၇။ သူတို့သည် တူဘာလူမျိုးနှင့် ၎င်းတို့ထက်ရှေးကျသောလူဟောင်းများထက် သာလွန်ကောင်းမြတ်ကြသလော၊ ငါသည် ထိုသူတို့အားလုံးကို သူတို့၏အပြစ်များကြောင့် ကွပ်မျက်စီရင်တော်မူ၏။ |
Ghazi Mohammad Hashim ထိုသူတို့ကား "တွဗ္ဗအ်"၏အမျိုးသားတို့ထက်လည်းကောင်း၊ ထိုအမျိုးသားတို့အလျင် ရှိခဲ့ကြသော သူတို့ထက်လည်းကောင်း၊ သာ၍ ကောင်းကြလေသလော။ ငါအရှင်မြတ်သည် ထိုသို့သော သူတို့ကိုပင် ၎င်းတို့သည် ပြစ်မှုကိုကျူးလွန်သူများ ဖြစ်ခဲ့ကြသောကြောင့် ဖျက်ဆီးတော်မူခဲ့ပေသည်။ |
Hashim Tin Myint ထိုသူများသည် သုဗ်ဗအ်၏ အမျိုးသားများထက်သာမက သူတို့မတိုင်မီက ရှိခဲ့ကြသည့်သူများထက်ပင် ပိုကောင်းကြသလော။###၄ ငါအရှင်မြတ်သည် အမှန်စင်စစ် ထိုသူများကို သူတို့သည် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြသည့်အတွက် ဖျက်ဆီးတော်မူခဲ့သည်။ |