Quran with Burmese translation - Surah Al-Fath ayat 18 - الفَتح - Page - Juz 26
﴿۞ لَّقَدۡ رَضِيَ ٱللَّهُ عَنِ ٱلۡمُؤۡمِنِينَ إِذۡ يُبَايِعُونَكَ تَحۡتَ ٱلشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمۡ فَأَنزَلَ ٱلسَّكِينَةَ عَلَيۡهِمۡ وَأَثَٰبَهُمۡ فَتۡحٗا قَرِيبٗا ﴾
[الفَتح: 18]
﴿لقد رضي الله عن المؤمنين إذ يبايعونك تحت الشجرة فعلم ما في﴾ [الفَتح: 18]
Ba Sein ၁၈။ ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် သင့်ထံ အမှုတော်ကို မဖောက်မပြန်ထမ်းရွက်ပါမည်ဟု သစ္စာခံယူသော အခါ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို နှစ်ထောင်းအားရတော်မူ၏၊ အရှင်မြတ်သည် သူတို့၏စိတ်နှလုံးအတွင်း ရှိသမျှကို အကြွင်းမဲ့သိမြင်တော်မူ၏၊ အရှင်မြတ်သည် သူတို့အပေါ်သို့ တည်ကြည်ငြိမ်ဝပ်ခြင်းချပေးသနား တော်မူ၏၊ စစ်အောင်နိုင်သောအခြေအနေတည်းဟူသောဆုတော်ကို ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် အသင်နှင့် ‘ဗိုင်အတ်’ပြုနေကြစဉ်အခါ၌ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်း၌ရှိသည်ကို သိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် စိတ်တည်ငြိမ်မှုကို ချပေး သနားတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် နီးကပ်စွာသော အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။ |
Hashim Tin Myint အီမာန် ယုံကြည်သည့်သူများသည် သစ်ပင်အောက်တွင် အသင်နှင့် ဗိုင်အသ်ပြုနေသည့်အခါတွင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကျေနပ်တော်မူခဲ့သည်။ ###၈ ထို့နောက် အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများထဲတွင်ရှိသည်ကို သိတော်မူခဲ့သည်။ သို့ဖြစ်ရာအရှင်မြတ်သည် သူတို့အပေါ်တွင် စိတ်တည်ငြိမ်မှု ချပေးသနားတော်မူခဲ့သည်။ ###၉ ထို့ပြင် သူတို့အား အရှင်မြတ်သည် နီးကပ်သောအောင်မြင်မှုကိုလည်း ပေးသနားတော်မူခဲ့သည်။ |