×

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်ရှင်မြတ် (ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူသောအရာများဖြစ်၍ အရှင့်စည်းမျဉ်းနိယာမတရားနှင့်အညီ အသုံးပြုရန်) အတွက်သာ ဖြစ်သင့်ကြောင်း၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို 5:40 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:40) ayat 40 in Burmese

5:40 Surah Al-Ma’idah ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 40 - المَائدة - Page - Juz 6

﴿أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يُعَذِّبُ مَن يَشَآءُ وَيَغۡفِرُ لِمَن يَشَآءُۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[المَائدة: 40]

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်ရှင်မြတ် (ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူသောအရာများဖြစ်၍ အရှင့်စည်းမျဉ်းနိယာမတရားနှင့်အညီ အသုံးပြုရန်) အတွက်သာ ဖြစ်သင့်ကြောင်း၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူကြောင်း အသင်တို့ မသိကြလေသလော။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။

❮ Previous Next ❯

ترجمة: ألم تعلم أن الله له ملك السموات والأرض يعذب من يشاء ويغفر, باللغة البورمية

﴿ألم تعلم أن الله له ملك السموات والأرض يعذب من يشاء ويغفر﴾ [المَائدة: 40]

Ba Sein
၄ဝ။ အလ္လာဟ်အသျှင်မြတ်သည် မိုးမြေ၌ အချုပ်အခြာအာဏာပိုင်သတော်မူသော အထွဋ်အခေါင် ဖြစ်တော်မူသည်ကို သင်မသိသလော။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ပေးလိုတော်မူသောသူကို အပြစ်ပေးတော်မူ၏။ အပြစ်လွှတ်လိုတော်မူသောသူကို အပြစ်လွှတ်တော်မူ၏။ အရာခပ်သိမ်းကုန် တို့ကို ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
ဧကန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား ချမ်းသာခွင့်ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် ‌ကောင်းကင်များနှင့် ပထဝီ‌မြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိ‌ကြောင်း အသင် မသိခဲ့‌လေသ‌လော။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ပြစ်ဒဏ်‌ပေး‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek