×

မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်မိခဲ့ပြီး သံဝေဂရလျက် အရှင့်လမ်း စဉ်တော်ဘက်သို့ ပြန်လှည့်ပြီး ကောင်းမြတ်သည့် ပြုမူကျင့်ကြံဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်လျှင် 5:39 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:39) ayat 39 in Burmese

5:39 Surah Al-Ma’idah ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 39 - المَائدة - Page - Juz 6

﴿فَمَن تَابَ مِنۢ بَعۡدِ ظُلۡمِهِۦ وَأَصۡلَحَ فَإِنَّ ٱللَّهَ يَتُوبُ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴾
[المَائدة: 39]

မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်မိခဲ့ပြီး သံဝေဂရလျက် အရှင့်လမ်း စဉ်တော်ဘက်သို့ ပြန်လှည့်ပြီး ကောင်းမြတ်သည့် ပြုမူကျင့်ကြံဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်လျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ထိုသူ၏နောင်တဖြင့် ပြန်လှည့်ခြင်းကို လက်ခံတော်မူသည့်အနေဖြင့်) ထိုသူ့အပေါ် (အရှင့်မေတ္တာ၊ ကရုဏာတော်တို့ဖြင့်) လှည့်တော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: فمن تاب من بعد ظلمه وأصلح فإن الله يتوب عليه إن الله, باللغة البورمية

﴿فمن تاب من بعد ظلمه وأصلح فإن الله يتوب عليه إن الله﴾ [المَائدة: 39]

Ba Sein
၃၉။ သို့သော် အကြင်သူသည် ပြစ်မှုကျူးလွန်ပြီးနောက် သတိသံဝေဂရပြီးလျှင် မိမိကိုယ်ကိုမိမိ ပြုပြင်၏။ အလ္လာဟ်အသျှင်မြတ်သည် သူ့အပေါ်၌ အမှန်ပင်အပြစ်လွှတ်တော်မူလိမ့်မည်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော် မူသောအသျှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Hashim Tin Myint
၎င်းပြင် မည်သူမဆို ပြစ်မှုကျူးလွန်ပြီး‌နောက် ဝန်ချ‌တောင်းပန်ပြီး ပြုပြင်‌နေခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ဘက်ပြန်လှည့်ပြီး သူ၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek