Quran with Burmese translation - Surah Al-Ma’idah ayat 41 - المَائدة - Page - Juz 6
﴿۞ يَٰٓأَيُّهَا ٱلرَّسُولُ لَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِ مِنَ ٱلَّذِينَ قَالُوٓاْ ءَامَنَّا بِأَفۡوَٰهِهِمۡ وَلَمۡ تُؤۡمِن قُلُوبُهُمۡۛ وَمِنَ ٱلَّذِينَ هَادُواْۛ سَمَّٰعُونَ لِلۡكَذِبِ سَمَّٰعُونَ لِقَوۡمٍ ءَاخَرِينَ لَمۡ يَأۡتُوكَۖ يُحَرِّفُونَ ٱلۡكَلِمَ مِنۢ بَعۡدِ مَوَاضِعِهِۦۖ يَقُولُونَ إِنۡ أُوتِيتُمۡ هَٰذَا فَخُذُوهُ وَإِن لَّمۡ تُؤۡتَوۡهُ فَٱحۡذَرُواْۚ وَمَن يُرِدِ ٱللَّهُ فِتۡنَتَهُۥ فَلَن تَمۡلِكَ لَهُۥ مِنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ ٱلَّذِينَ لَمۡ يُرِدِ ٱللَّهُ أَن يُطَهِّرَ قُلُوبَهُمۡۚ لَهُمۡ فِي ٱلدُّنۡيَا خِزۡيٞۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٞ ﴾
[المَائدة: 41]
﴿ياأيها الرسول لا يحزنك الذين يسارعون في الكفر من الذين قالوا آمنا﴾ [المَائدة: 41]
Ba Sein ၄၁။ အို-တမန်တော် မယုံကြည်မှုဆီသို့ အချင်းချင်းပြိုင်ဆိုင်ပြေးနေသောသူတို့ကို သင့်အား စိတ်ပူဆွေး အောင် မပြုစေလင့်။ ထိုသူတို့သည် မိမိတို့၏နှုတ်အားဖြင့် အကျွနု်ပ်တို့ ယုံကြည်ကြသည်ဟု ဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးက မယုံကြည်ပေ။ သူတို့သည် ရဟူဒီများအထဲကဖြစ်၍ မုသားမှုကို နားထောင်သူများ၊ သင့်ထံသို့မလာသောသူများကို နားထောင်သူများ၊ တရားစကားများရှိရင်း အစီအစဉ်မှ လွှဲပြောင်းသူများဖြစ်ကြ၏။ သူတို့က ''ဤအရာကို သင်တို့အားပေးလျှင် ၎င်းကို လက်ခံ ကြလော့။ သို့သော် ဤအရာကို မင်းတို့အား မပေးလျှင် သတိထားကြတော်မူအံ့။ ထိုသူအား သင်သည် အလ္လာဟ်နှင့်ဆန့်ကျင်၍ အကျိုးတစ်စုံတစ်ရာ မပြုနိုင်ပေ။ ထိုသူတို့သည် အလ္လာဟ်က သူတို့၏စိတ်နှလုံးများကို သန့်ရှင်းစေတော်မမူဟု ဆုံးဖြတ်ထားတော်မူသောလူများ ဖြစ်ကြ၏။ ဤဘဝ၌ သူတို့သည် အရှက်တကွဲဖြစ်ကြရမည်။ နောင်ဘဝ၌ ကြောက်မက်ဘွယ်သော အပြစ်ဒဏ် ကို ခံစားကြရမည်။ |
Ghazi Mohammad Hashim အို- ရစူလ်တမန်တော်၊ အကြင်သူတို့သည်‘ကုဖ်ရ်’သွေဖည်မှု၌ အပြေးအလွှားကျဆင်းလျက်ရှိသော အကြင်သူတို့သည် အသင့်အား စိတ်နှလုံးမချမ်းမမြေ့ မဖြစ်စေကြရ။ ထိုသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများက ‘အီမာန်’ သက်ဝင်ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏နှုတ်များဖြင့်သာ “ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြပါပြီ” ဟု ပြောဆိုသူတို့အနက်မှပင်ဖြစ်စေ၊ ယဟူဒီများအနက်မှပင်ဖြစ်စေ ထိုထိုသောသူတို့သည် မုသားကို အလွန်တရာကြားနာသူများ၊ အသင့်ထံမလာကြသောသူတို့အဖို့ (အသင့်ထံလာရောက်၍) နားစွင့်သူများ ဖြစ်ကြကုန်၏။ ၎င်းတို့သည် မုက္ခပါဌ်တော်များကို ထိုမုက္ခပါဌ်တော်များ၏ မူရင်းနေရာများမှ ရွှေ့ပြောင်းလေ့ရှိကြသည့်ပြင် (မိမိတို့အုပ်စုဝင်များအား) အသင်တို့သည် (နဗီတမန်တော် မုဟမ္မဒ်၏ထံမှ) ဤ (ရွှေ့ပြောင်းထားသည့်) အတိုင်း အမိန့်ရရှိကြပါမူ နာယူလက်ခံကြလေကုန်။ သို့ရာတွင် ထို (ရွေ့ပြောင်းထားသည့်) အတိုင်း မရရှိကြလျှင် ဖယ်ရှောင်ကြလေကုန်ဟူ၍လည်း ပြောဆိုလေ့ရှိကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲစေတော်မူပါလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူအား မည်သည့်အကျိုးကိုမျှ ပြုစွမ်းနိုင်ခြင်း အလျင်းမရှိပေ။ ဤသူတို့ကား အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို သန့်ရှင်းစင်ကြယ်စေရန် ရည်စူးတော်မူခဲ့သည်မဟုတ်ပေ။ ၎င်းတို့၌ (ဤပစ္စုပ္ပန်) လောကီဘဝတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။ |
Hashim Tin Myint အို- တမန်တော် အကြင်သူများသည် အသင့်အား စိတ်သောကထဲ နစ်မွန်းအောင် မလုပ်ကြစေနှင့်။* (ဆိုလိုသည်မှာ အကြင်သူများ၏ လုပ်ရပ်များကြောင့် အသင်သည် ပူပင်သောက မဖြစ်ပါနှင့်)ထိုသူများသည် ကုဖ်ရ်ငြင်းပယ်မှုထဲသို့ အပြေးအလွှားသွားနေကြသည်၊ သူတို့သည် သူတို့၏စိတ်နှလုံးများက အီမာန်ယုံကြည်ခြင်းမရှိဘဲ သူတို့၏နှုတ်များဖြင့်သာ ကျွန်ုပ်တို့ အီမာန်ယုံကြည်ကြပါသည်ဟု ပြောဆိုသောသူများထဲမှဖြစ်သည်။ ထို့ပြင် ယဟူဒီများထဲမှလည်း(အသင့်အား ပူပင်သောက မဖြစ်ပါစေနှင့်)။ ထိုသူများသည် မုသားကို အလွန်နားထောင်သောသူများဖြစ်ကြသည်သာမက အသင့်ထံသို့ မလာကြ(ဘဲ အဝေးမှ သတင်းကြားလို)သောသူများအတွက်လည်း အလွန်နားစွင့်(ကာ သတင်းယူ)ပေးသောသူများ ဖြစ်ကြသည်။ သူတို့သည် အာယသ်တော်များအား သူတို့၏မူရင်းနေရာမှ ရွှေ့ပြောင်းလေ့ရှိကြသည့်အပြင် (သူတို့၏အုပ်စုများအား) “အသင်တို့သည် ဤ(ကဲ့သို့ ရွှေ့ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)ရရှိကြလျှင် လက်ခံရယူလိုက်ကြပါ။ ၎င်းပြင် အကယ်၍ ထို(ကဲ့သို့ ရွှေ့ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)မရရှိကြလျှင် ရှောင်ရှားပြီးနေလိုက်ကြပါ“ဟု ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းလွဲစေတော်မူလျှင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ထိုသူ့အတွက် မည်သည့်အရာမျှ လုံးဝ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများအား သန့်ရှင်းစင်ကြယ်စေရန် ရည်ရွယ်တော်မမူခဲ့သောသူများပင်ဖြစ်သည်။ သူတို့အတွက် ဤဘဝ၌လည်း သေးသိမ်မှုရရှိပြီး တမလွန်ဘဝ၌လည်း ကြီးလေးသောအပြစ်ဒဏ်ရှိသည်။ |