×

(အရှင်မြတ်သည် လူသားအချင်းချင်းကြားတွင် ဖြစ်နေသည့် ညှင်းပန်းနှိပ်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသတ်ဖြတ်မှု၊ လိမ်လည်လှည့်စားမှု၊ အနိုင်ကျင့်မှုစသည့် ယုတ်ညံ့သော လုပ်ရပ်များကို တားဆီး ပိတ်ပင် 5:64 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:64) ayat 64 in Burmese

5:64 Surah Al-Ma’idah ayat 64 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 64 - المَائدة - Page - Juz 6

﴿وَقَالَتِ ٱلۡيَهُودُ يَدُ ٱللَّهِ مَغۡلُولَةٌۚ غُلَّتۡ أَيۡدِيهِمۡ وَلُعِنُواْ بِمَا قَالُواْۘ بَلۡ يَدَاهُ مَبۡسُوطَتَانِ يُنفِقُ كَيۡفَ يَشَآءُۚ وَلَيَزِيدَنَّ كَثِيرٗا مِّنۡهُم مَّآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ طُغۡيَٰنٗا وَكُفۡرٗاۚ وَأَلۡقَيۡنَا بَيۡنَهُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۚ كُلَّمَآ أَوۡقَدُواْ نَارٗا لِّلۡحَرۡبِ أَطۡفَأَهَا ٱللَّهُۚ وَيَسۡعَوۡنَ فِي ٱلۡأَرۡضِ فَسَادٗاۚ وَٱللَّهُ لَا يُحِبُّ ٱلۡمُفۡسِدِينَ ﴾
[المَائدة: 64]

(အရှင်မြတ်သည် လူသားအချင်းချင်းကြားတွင် ဖြစ်နေသည့် ညှင်းပန်းနှိပ်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသတ်ဖြတ်မှု၊ လိမ်လည်လှည့်စားမှု၊ အနိုင်ကျင့်မှုစသည့် ယုတ်ညံ့သော လုပ်ရပ်များကို တားဆီး ပိတ်ပင် ရန်အတွက် စွမ်းဆောင်ရည်ရှိသော လူသားတိုင်းအား တာဝန်ပေးတော်မူသော်လည်း လူတို့က အရှင်မြတ်ကိုသာ တာဝန်လွှဲချလိုကြ၏) ဂျူးတို့က (စွမ်းဆောင်ရည်ကို ကိုယ်စားပြုသော) အလ္လာဟ်အရှင်မြတ်လက်တော်မှာချုပ် နှောင်ထားခံရပြီဟု ပြောခဲ့ကြ၏။ အမှန်မှာ သူတို့၏ထိုသို့သော အပြောအ ဆိုကြောင့် အရှင်မြတ်၏မေတ္တာ ကရုဏာတော်မှ ကင်းဝေးစေတော်မူခြင်းခံရပြီး (ကောင်းမြတ်သော လုပ်ရပ်များ၌ စွမ်းဆောင်ရည်ကင်းမဲ့စေလျက်) သူတို့၏လက်များသာလျှင် ချုပ်နှောင်ခံထားရပြီး (ယုံကြည်သူတို့ကမူ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသော) အရှင်မြတ်၏လက်တော်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူတို့အား ရက်ရောစွာ ပေးကမ်းတော်မူရာ၌ (လောကခပ်သိမ်းကို လွှမ်းခြုံထားသည်အထိ) ကျယ်ကျယ်ပြန့်ပြန့် ဆန့်ထားတော်မူသောအရာဖြစ်၏။” ဟု ပြောဆိုခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံချမှတ်ပေးအပ် ခြင်းခံရသောအရာ (ကျမ်းတော်) နှင့်စပ်လျဉ်း၍ အာခံဖီဆန်မှုနှင့်မယုံကြည်ငြင်းဆန်ဖုံးကွယ်မှုတို့ကိုသာ အမှန်ပင် ပို၍တိုးပွားစေ၏။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သူတို့အချင်းချင်းကြားတွင် ရှင်ပြန်ထမြောက်ရမည့်နေ့ထိ တည်တံ့မည့် ရန်လိုမှုနှင့်မုန်းတီးမှုတို့၌သာ ရင်ဆိုင်ကြုံတွေ့စေတော်မူလိမ့်မည်။ သူတို့သည် (ကမ္ဘာဂြိုဟ်ပေါ် အကြောင်းပြချက်နှင့်ဆင်ခြေအမျိုးမျိုးဖြင့်) စစ်မီးကို မွေးသည့်အခါတိုင်း အလ္လာဟ်အရှင်မြတ်သည်ပင် (စစ်ရပ်ဆဲ ရေးဆိုင်ရာ အခြေအနေများဖန်တီးပေးတော်မူလျက်) ထိုစစ်မီးကို ငြိမ်းစေတော်မူ၏။ ထိုမျှမက ထိုသူတို့သည် ကမ္ဘာဂြိုဟ်ပေါ်၌ အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်ပေါ်စေရန် အလောတကြီး ရုန်းကန်ကြိုးပမ်းနေကြ၏။ (သတိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (မည်သည့်နိုင်ငံ၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည် သည့်ရည်ရွယ်ချက်ပန်းတိုင်အတွက်ဖြစ်စေ) မတည်မငြိမ်မှုနှင့်အဖျက်အမှောင့်လုပ်သူတို့ကို နှစ်သက်တော်မမူ ချေ။

❮ Previous Next ❯

ترجمة: وقالت اليهود يد الله مغلولة غلت أيديهم ولعنوا بما قالوا بل يداه, باللغة البورمية

﴿وقالت اليهود يد الله مغلولة غلت أيديهم ولعنوا بما قالوا بل يداه﴾ [المَائدة: 64]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek