Quran with Burmese translation - Surah Al-Ma’idah ayat 63 - المَائدة - Page - Juz 6
﴿لَوۡلَا يَنۡهَىٰهُمُ ٱلرَّبَّٰنِيُّونَ وَٱلۡأَحۡبَارُ عَن قَوۡلِهِمُ ٱلۡإِثۡمَ وَأَكۡلِهِمُ ٱلسُّحۡتَۚ لَبِئۡسَ مَا كَانُواْ يَصۡنَعُونَ ﴾
[المَائدة: 63]
﴿لولا ينهاهم الربانيون والأحبار عن قولهم الإثم وأكلهم السحت لبئس ما كانوا﴾ [المَائدة: 63]
Ba Sein ၆၃။ ရဟူဒီဆရာများနှင့် ဓမ္မကထိကတို့သည် သူတို့မတရားဆိုခြင်း၊ မတရားအမြတ်ထုတ်ခြင်းတို့ကို အဘယ်ကြောင့် မတားမြစ်၊ မပိတ်ပင်ကြသနည်း။ အမှန်မှာ ဒုစရိုက်မကောင်းမှုသည် သူတို့၏ လက်ရာခြေရာဖြစ်၏။ |
Ghazi Mohammad Hashim (၎င်းတို့၏) ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော (မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စားသုံးခြင်းမှလည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ ထိုသူတို့ပြုလေ့ရှိသော အပြုအမူများသည် မုချဧကန် ဆိုးရွားလှပေ၏တကား။ |
Hashim Tin Myint တရားအားထုတ်ကျင့်ကြံသောဆရာတော်များနှင့် ပညာရှင်များသည် သူတို့အား အပြစ်ရှိသောစကားကိုပြောဆိုခြင်းနှင့် မတရားရသောပစ္စည်းများကို စားသုံးခြင်းမှ အဘယ့်ကြောင့် မတားမြစ်ကြသနည်း။* သူတို့ပြုလုပ်လေ့ရှိသောအရာများသည် အမှန်ပင် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။ |