×

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့၌ ရှိသမျှ အရာများကိုလည်းကောင်း၊ ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သော်လည်း (လူ့ခံစားချက်များသာဖြစ်သော မောပန်းခြင်းနှင့်အနားယူရခြင်း၏ပြင်ပတွင်ရှိတော်မူသော) 50:38 Burmese translation

Quran infoBurmeseSurah Qaf ⮕ (50:38) ayat 38 in Burmese

50:38 Surah Qaf ayat 38 in Burmese (البورمية)

Quran with Burmese translation - Surah Qaf ayat 38 - قٓ - Page - Juz 26

﴿وَلَقَدۡ خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ وَمَا مَسَّنَا مِن لُّغُوبٖ ﴾
[قٓ: 38]

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့၌ ရှိသမျှ အရာများကိုလည်းကောင်း၊ ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သော်လည်း (လူ့ခံစားချက်များသာဖြစ်သော မောပန်းခြင်းနှင့်အနားယူရခြင်း၏ပြင်ပတွင်ရှိတော်မူသော) ငါအရှင်မြတ်၌ မည်သည့် ပင်ပန်းနွမ်းနယ်မှုမျှ အလျှင်း မထိသက်၊ မသက်ရောက်နိုင်ခဲ့ချေ။

❮ Previous Next ❯

ترجمة: ولقد خلقنا السموات والأرض وما بينهما في ستة أيام وما مسنا من, باللغة البورمية

﴿ولقد خلقنا السموات والأرض وما بينهما في ستة أيام وما مسنا من﴾ [قٓ: 38]

Ba Sein
၃၈။ အမှန်မှာ ငါသည် ကမ္ဘာမြေကြီး မိုးကောင်းကင်နှင့် မိုးမြေအကြားရှိရှိသမျှအရာများကို ခြောက်ရက်အတွင်း ပြီးစီးအောင်မုချဧကန်ဖန်ဆင်းတော်မူ၏၊ ယင်းသို့စီရင်တော်မူသည့်အတွက် ငါသည် လုံးဝမောပန်းတော်မမူချေ။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထိုမိုးများနှင့်မြေကြားရှိ အရာများကို လည်းကောင်း၊ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း ငါအရှင်မြတ်၌ ပင်ပန်းနွမ်းနယ်မှုဟူ၍ အလျှင်း သက်ရောက်ခဲ့သည်မရှိချေ။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင်ထိုနှစ်ခုကြားတွင် ရှိသမျှကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက်လည်း ငါအရှင်မြတ်တွင် ‌မောပန်းမှု လုံးဝမခံစားရ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek