Quran with Burmese translation - Surah AT-Tur ayat 28 - الطُّور - Page - Juz 27
﴿إِنَّا كُنَّا مِن قَبۡلُ نَدۡعُوهُۖ إِنَّهُۥ هُوَ ٱلۡبَرُّ ٱلرَّحِيمُ ﴾
[الطُّور: 28]
﴿إنا كنا من قبل ندعوه إنه هو البر الرحيم﴾ [الطُّور: 28]
Ba Sein ၂၈။ အကျွနု်ပ်တို့ကား ရှေးအခါလောကတွင် အရှင်မြတ်အား အစဉ်မပြတ်ဝတ်ပြုခဲ့ကြ၏၊ အရှင်မြတ်သည် မဟာ ကရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင် အမှန်အကန်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ဧကန်အမှန် ကျွန်ုပ်တို့သည် ရှေးအထက်ကျော်ကာလ၌ ထိုအရှင်မြတ်အထံတော်တွင် ဆုတောင်းလျက် ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်မှာကား လွန်စွာ ကျေးဇူးပြုတော်မူသောအရှင်၊ လွန်စွာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်ကတည်းက အရှင်မြတ်ထံတော်တွင် ဆုတောင်းလျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်ကျေးဇူးပြုတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |