×

Surah At-Tur in Burmese

Quran Burmese ⮕ Surah Tur

Translation of the Meanings of Surah Tur in Burmese - البورمية

The Quran in Burmese - Surah Tur translated into Burmese, Surah At-Tur in Burmese. We provide accurate translation of Surah Tur in Burmese - البورمية, Verses 49 - Surah Number 52 - Page 523.

بسم الله الرحمن الرحيم

وَالطُّورِ (1)
(ငါအရှင်မြတ်သည်) တူရ် (စီနှိုင်း) တောင်ကို သက်သေထူတော်မူ၏။
وَكِتَابٍ مَّسْطُورٍ (2)
ထို့ပြင် (ငါအရှင်မြတ်သည် ကမ္ပည်းထိုး) ရေးမှတ်ထားပြီးဖြစ်သော ကျမ်းတော်ကို သက်သေထူတော်မူ၏။
فِي رَقٍّ مَّنشُورٍ (3)
ဖြန့်ထားသော (သားရေ၊ စက္ကူ၊ ပုရပိုက်စသော) စာရွက်ပေါ်၌။
وَالْبَيْتِ الْمَعْمُورِ (4)
ထို့ပြင် မကြာခဏလည်ပတ်၍ စည်ကားလျက် အဓွန့်ရှည်တည်တံ့သောအိမ်တော် (ဗိုက်တိလ်မအ်မူရ်) ကိုသက်သေထူတော်မူ၏။
وَالسَّقْفِ الْمَرْفُوعِ (5)
ထို့ပြင် (ငါအရှင်မြတ်သည်) မြင့်စွင့်သော အမိုး (မိုးကောင်းကင်) ကို သက်သေထူတော်မူ၏။
وَالْبَحْرِ الْمَسْجُورِ (6)
ထို့ပြင် (ငါအရှင်မြတ်သည်) လှိုင်းအပြည့်ရှိ (၍ လျှံတက်လုဆဲဆဲဖြစ်) သော ပင်လယ်သမုဒ္ဒရာကို သက်သေထူတော်မူ၏။
إِنَّ عَذَابَ رَبِّكَ لَوَاقِعٌ (7)
ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ပြဌာန်းတော်မူသော) ပြစ်ဒဏ်သည် အမှန်ပင် ပြစ်ပျက်စေတော်မူမည် ဖြစ်၏။
مَّا لَهُ مِن دَافِعٍ (8)
ယင်းပြစ်ဒဏ်ကို တားဆီးပယ်ရှားနိုင်မည့်သူဟူ၍ အလျှင်း မရှိပေ။
يَوْمَ تَمُورُ السَّمَاءُ مَوْرًا (9)
(ယင်းပြစ်ဒဏ်နှင့်ကြုံတွေ့ရမည့်) ထိုနေ့တွင် မိုးကောင်းကင်သည် သိမ့်သိမ့်တုန်လျက် တုန်လှုပ်သွား ပေမည်။
وَتَسِيرُ الْجِبَالُ سَيْرًا (10)
ထို့ပြင် တောင်များသည်လည်း ထိတ်လန့်ဖွယ် လှုပ်ရှားရွေ့လျားလျက် ရွေ့လျားလွင့်ပါ သွားကြပေမည်။
فَوَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (11)
သို့ဖြစ်ပေရာ ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
الَّذِينَ هُمْ فِي خَوْضٍ يَلْعَبُونَ (12)
(အကြောင်းမှာ) ထိုသူတို့သည် (ဘဝတစ်လျှောက်လုံးတွင် အချည်းနှီး၊ အရေးမပါသော ပကာသန၊ ကစားခုန်စားမှုနှင့်ပြောဆိုမှု စသောအရာများကို) အကြောင်းမဲ့အလေးအနက်ထားလျက် ဆော့ကစား၊ ပျော်မြူးခြင်း၌ ရှိနေကြ၏။
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا (13)
ထိုနေ့တွင် သူတို့သည် ငရဲဘုံသို့ (ငြင်းမရသော) တွန်းပို့ ခေါ်ဆောင်မှုမျိုးဖြင့် ခေါ်ဆောင်ခြင်း ခံကြရပေမည်။
هَٰذِهِ النَّارُ الَّتِي كُنتُم بِهَا تُكَذِّبُونَ (14)
ဤသည်ပင် (လောကီဘဝ၌ မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍) ငြင်းပယ်လေ့ကြသော ငရဲမီးပင် ဖြစ်၏။
أَفَسِحْرٌ هَٰذَا أَمْ أَنتُمْ لَا تُبْصِرُونَ (15)
သို့ဖြစ်ပေရာ ဤသည် (သင်တို့စွပ်စွဲလေ့ရှိသော) မှော်ပယောဂအတတ် ဖြစ်သလော။ သို့တည်းမဟုတ် သင်တို့သည် (အမှန်တရားကို ထင်ယောင်ထင်မှားဖြစ်လျက်) မမြင်နိုင်ခဲ့ကြသလော။
اصْلَوْهَا فَاصْبِرُوا أَوْ لَا تَصْبِرُوا سَوَاءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ (16)
သင်တို့သည် (ယင်းငရဲမီး၏ဝေဒနာကို) အောင့်ခံခံစားကြလော့။ အကြောင်းမှာ သင်တို့သည် သည်းခံ ကြံ့ခိုင်မှုရှိသည်ဖြစ်စေ၊ သည်းမခံ ကြံ့ခိုင်မှုမရှိသည်ဖြစ်စေ၊ သင်တို့အပေါ် အတူတူပင်ဖြစ်ပြီး အကြောင်းမထူးပေ။ သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့သည်နှင့်စပ်လျဉ်း၍ အကျိုးဆက်အဖြစ် ပေးဆပ်စေခြင်းသာ ဖြစ်၏။
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَعِيمٍ (17)
ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိ စိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူတော်စင်) သုခဥယျာဉ်များ၌ ရှိကြပြီး (ယင်းဥယျာဉ်ရှိ) အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များဖြင့် အတိသုခ ရှိကြပေမည်။
فَاكِهِينَ بِمَا آتَاهُمْ رَبُّهُمْ وَوَقَاهُمْ رَبُّهُمْ عَذَابَ الْجَحِيمِ (18)
သူတို့သည် သူတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့အား ချီးမြှင့်ပေးအပ်တော်သူသော (ကောင်းမှုကုသိုလ်၏အသီးအပွင့် အကျိုးဆုလဒ်များဖြင့်) သာယာကြည်နူးနေကြပြီး သူတို့၏ထိုအရှမြတ်က သူတို့အား ချစ်ချစ်တောက်ပူလောင်စေမည့် ငရဲမီးမှ ကာကွယ်စေလွတ် ကင်းစေတော်မူပေမည်။
كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنتُمْ تَعْمَلُونَ (19)
(ထို့ပြင် သူတို့အား) သင်တို့သည် ပြုမူကျင့်ကြံခဲ့ကြသည်နှင့်အညီ (စိတ်နှလုံး ပျော်ရွင်သည်အထိ) အားရကျေနပ်စွာ စားကြသောက်ကြလော့။ (ဟု မိန့်တော်မူမည်။)
مُتَّكِئِينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ ۖ وَزَوَّجْنَاهُم بِحُورٍ عِينٍ (20)
သူတို့သည် စနစ်တကျတန်းစီ၍ ခင်းကျင်းထားသော နားနေစရာ၊ သလွန်များပေါ်တွင် (နောက်မှီ၌ ကျောခင်းလျက်) လဲလျောင်းနေကြပြီး ငါအရှင်မြတ်သည် သူတို့အား အလွန် ဖြူစင်၍ မျက်လုံးလှ ပိုင်ရှင် ဘဝဖော်များဖြင့် ပေါင်းစပ်တွဲဖက်စေတော်မူမည်။
وَالَّذِينَ آمَنُوا وَاتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَانٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَا أَلَتْنَاهُم مِّنْ عَمَلِهِم مِّن شَيْءٍ ۚ كُلُّ امْرِئٍ بِمَا كَسَبَ رَهِينٌ (21)
ထို့ပြင် သက်ဝင်ယုံကြည်သူများနှင့်သူတို့၏နောက်လိုက်များအား ယုံကြည်မှုဖြင့်ဘဝဆောက်တည်ခဲ့ကြသော (သူတို့နှင့်သားသမီးတို့၏ယုံကြည်မှုဆိုင်ရာ အဆင့်အတန်းများ မတူညီသည့်တိုင်အောင်) သူတို့၏သားသမီးများနှင့်ဆုံတွေ့စေတော်မူမည်။ (ထိုသို့ ဆုံတွေ့ခွင့်ပေးသော်လည်း) ငါအရှင်မြတ်သည် သူတို့၏မည်သည့် ပြုမူကျင့်ကြံမှုကိုမျှ (ယင်းအတွက် ရထိုက်သည့်အကျိုး ဆုလဒ်မခံစားစေဘဲ) လျော့နည်းစေတော်​မူမည် မဟုတ်ပေ။ (လူတိုင်းအတွက် သူ၏) စီမံဆောင်ရွက်ချက်ကိုယ်စီအား သူရှာဖွေဆည်းပူးသမျှနှင့်အညီ (အကျိုးခံစားမှု များကို) ကတိထားတော်မူသည့်အတိုင်း ပြန်အပ်တော်မူမည်။
وَأَمْدَدْنَاهُم بِفَاكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ (22)
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့အလိုဆန္ဒရှိကြသောအရာများမှ (အားလုံးကို ချီးမြှင့်တော်မူသည့်အပြင်) သစ်သီးဝလံများနှင့်အသားများဖြင့်လည်း အလျှံပယ်တိုးပွားစေ (လျက် သုံးဆောင်စေတော်) မူမည်။
يَتَنَازَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ (23)
သူတို့သည် ယင်း (သုခဘုံဥယျာဉ်) ၌ (အားတိုးစေသော သောက်စရာ) ခွက်များကို တစ်ဦးကိုတစ်ဦး အပြန်အလှန် လက်ဆင့်ကမ်းကြလိမ့်မည်။ (ယင်းသောက်စရာများကို သောက်သုံးခြင်းဖြင့်) အချည်းနှီးသော အပြောအဆိုများ ပြောထွက်လိမ့်မည် မဟုတ်သည့်အပြင် ယင်း (သုခဘုံဥယျာဉ်) ၌ (ထုံထိုင်းသော) အပြစ်ရှိ သော လုပ်ရပ်များလည်း ရှိလိမ့်မည်မဟုတ်ပေ။
۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ (24)
ထို့ပြင် (ခရုခွံအောက်တွင်) လုံခြုံစွာဖုံးကွယ်နေသည့် ပုလဲရတနာပမာ သူတို့အတွက် (ခန့်ထားသော ဖြူစင်သည့်) အမှုထမ်းလုလင်များသည်လည်း သူတို့ထံသို့ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ (25)
ထို့ပြင် သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ချဉ်းကပ်ပြောဆိုလျက် (လောကီ၌ မည်သို့ရှိခဲ့ကြောင့် သုခဥယျာဉ်ထဲသို့ မည်သို့ရောက်ခဲ့ကြောင်းကို) မေးမြန်းကြပေမည်။
قَالُوا إِنَّا كُنَّا قَبْلُ فِي أَهْلِنَا مُشْفِقِينَ (26)
သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ယခင်က ကျွန်ုပ်တို့၏မိသားစုအသိုင်းအဝိုင်း၌ ရှိခဲ့ကြစဉ် (သူတို့၏ထာဝရဘဝနှင့်လမ်းညွှန်တော်အတွက် ဂရုတစိုက် သတိထားလျက်) စိုးရိမ်ကြောင့်ကြ ခဲ့ကြရ၏။” ဟု ပြောဆိုကြမည်။
فَمَنَّ اللَّهُ عَلَيْنَا وَوَقَانَا عَذَابَ السَّمُومِ (27)
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူပြီး ကျွန်ုပ်တို့ အား (အရေပြားများထဲသို့ စိမ့်တိုးဖောက်စေမည့်) အရှိန်ပြင်းစွာလောင်စေသော ပြစ်ဒဏ်မှ ကာကွယ်တော် (မူရန် အရှင့်စည်းမျဉ်းတော်များကို မြဲမြံစွာ လိုက်နာစေတော်) မူ၏။
إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ ۖ إِنَّهُ هُوَ الْبَرُّ الرَّحِيمُ (28)
ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယခင်က (လောကီဘဝမှာ အရှင်မြတ်ကိုသာ နာခံကိုးကွယ်၍ အရှင့်ထံသာလျှင်) ဆုတောင်းပန်ကြားလေ့ရှိခဲ့ကြ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် လွန်စွာ မေတ္တာစေတနာ ထက်သန် တော်မူသော၊ အားလုံးအပေါ် မပြတ်မစဲ၊ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)
فَذَكِّرْ فَمَا أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ (29)
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် ဆုံးမဩဝါဒများပါဝင်သော သတိရ တသ၍ ထုတ်ဖော်ဖွင့်စရာဖြင့်) သတိပေး ဟောပြောလော့။ စင်စစ်သော်ကား အသင်သည် အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ဖြင့်ဂုဏ်ပေးခြင်း ခံရသောကြောင့် (သူတို့စွပ်စွဲသကဲ့သို့) အနာဂတ်ဟောဆရာနှင့်မအပ်စပ်သည့်အပြင် စိတ္တဇဝေဒနာရှင် လည်း အလျှင်း မဟုတ်ပေ။
أَمْ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِ رَيْبَ الْمَنُونِ (30)
သို့တည်းမဟုတ် သူတို့က “(တမန်တော်မုဟမ္မဒ်အား) ကဗျာဆရာတစ်ဦး"" ဟု စွပ်စွဲပြောဆို ကြလိုသလော။ ယင်းနှင့်စပ်လျဉ်း ငါအရှင်မြတ်က (သင်တို့အား အချိန်ကာလတစ်ခုအထိ) စောင့်စားစေလိုတော်မူ၏ (ငါအရှင်မြတ်သည် ယင်းသံသယနှင့်စပ်လျဉ်း၍) အလင်းအမှောင်အား တဖြည်းဖြည်း ကြည်လင်ထင်ရှားလာစေတော်မူမည်။
قُلْ تَرَبَّصُوا فَإِنِّي مَعَكُم مِّنَ الْمُتَرَبِّصِينَ (31)
(အို၊ ရစူလ်တမန်တော် သူတို့အား) “စောင့်ဆိုင်းကြလော့။ သို့ဖြစ်လျှင် ဧကန်ပင်၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။” ဟု မိန့်ကြားလော့။
أَمْ تَأْمُرُهُمْ أَحْلَامُهُم بِهَٰذَا ۚ أَمْ هُمْ قَوْمٌ طَاغُونَ (32)
သို့တည်းမဟုတ် သူတို့၏ (အတွေး၊ စိတ်ကူး၊ သဘောထားနှင့်နားလည်မှု စသော) ဉာဏ်ရည်အဆင့်က ဤ (ဖြစ်နိုင်ခြေမရှိသော မိစ္ဆာ) နှင့်စပ်လျဉ်း၍ သူတို့အား အမိန့်ပေးတိုက်တွန်းနေသလော။ သို့တည်းမဟုတ် သူတို့သည် မာန်မာထောင်လွှားမှုနှင့်အတ္တဆန်သောအာခံမှု (ကို အလေ့အထအဖြစ် ကျင့်သုံး) သော တရားလွန် သည့်လူမျိုး ဖြစ်ကြလေသလော။
أَمْ يَقُولُونَ تَقَوَّلَهُ ۚ بَل لَّا يُؤْمِنُونَ (33)
သို့တည်းမဟုတ် သူတို့က “ယင် (ကုရ်အာန်ကျမ်းတော်မြတ်) ကို တမန်တော်က ကြံစည်ဖန်တီး (၍ အရှင့်မြတ်ဘက်သို့ ရည်ညွှန်းနေ) သည်ဟု ပြောဆိုကြလေသလော။ ထိုသို့အလျှင်းမဟုတ်၊ အမှန်မှာ သူတို့ကိုယ်တိုင်သည်က ယုံကြည်လိုစိတ် မရှိကြပေ။
فَلْيَأْتُوا بِحَدِيثٍ مِّثْلِهِ إِن كَانُوا صَادِقِينَ (34)
သို့ဖြစ်လျှင် အကယ်၍ သူတို့က (ဤသို့သောကျမ်းတော်ကို အမှန်ပင် ကြံစည်ဖန်တီးနိုင်သည်။” ဟု ယုံကြည်ပြီး ထိုစွပ်စွဲချက်နှင့်စပ်လျဉ်း၍) ဖြောင့်မှန်သောသစ္စာဝါဒီများ ဖြစ်ကြလျှင် ယင်း (ကုရ်အာန်ကျမ်းမြတ်လာ အမိန့်တော်) ထုတ်ပြန်ချက်များအတိုင်း အလားတူ (ကျမ်းတစ်စောင် ဖန်တီး၍) ယူဆောင် တင်ပြစေလော့။
أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ (35)
သို့တည်းမဟုတ် သူတို့သည် (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်) တစ်စုံတစ်ရာမရှိဘဲ (အလို အလျှောက်) ဖွဲ့စည်းဖြစ်တည်စေခြင်း ခံကြရလေသလော။ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်သည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေသူများ ဖြစ်ကြလေသလော။
أَمْ خَلَقُوا السَّمَاوَاتِ وَالْأَرْضَ ۚ بَل لَّا يُوقِنُونَ (36)
သို့တည်းမဟုတ် သူတို့သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်များမပါဘဲ သူတို့ကိုယ်ပိုင် နိယာမများဖြင့်) ဖွဲ့စည်းဖြစ်တည်စေကြလေသလော။ အမှန်စင်စစ် သူတို့သည် (အရာရာတိုင်း၌ အရှင့်နိယာမတော်များကို မြင်ပါလျက် ""သဘာဝ"" ဟု အမည်ပေးကာ အမှန်တရားကို ငြင်းပယ်၍ ခံစားချက်သက်သက်ဖြင့်) တိကျသေချာသောအသိပညာနှင့်ယုံကြည်မှု မရှိခြင်းလော။
أَمْ عِندَهُمْ خَزَائِنُ رَبِّكَ أَمْ هُمُ الْمُصَيْطِرُونَ (37)
သို့တည်းမဟုတ် သူတို့ထံ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (ရတနာ) ဘဏ္ဍာတော်များရှိ (၍ သက်ရှိအားလုံးကို သူတို့၏ဆန္ဒအလျှောက် အလိုရှိသူတို့အား ရိက္ခာအထောက်အပံ့များပေးပြီး သူတို့စိတ်တိုင်းကျသူအား တမန်တော်အဖြစ် ရွေးချယ်လို) သလော။ သို့တည်း မဟုတ် သူတို့သည် ထိန်းသိမ်းကြီးကြပ်ရေးအတွက် အခွင့်အာဏာရထားသူများ ဖြစ်ကြလေသလော။
أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَانٍ مُّبِينٍ (38)
သို့တည်းမဟုတ် သူတို့အတွက် လှေကားတစ်ခုရှိနေ၍ သူတို့သည် ထို (လှေကား) ဖြင့် (မိုးကောင်း ကင်သို့တက်လျက် တမန်တော်နှင့်ပတ်သက်သော သူတို့၏ရပ်တည်ချက်နှင့်ကျမ်းတော်မြတ် ကုရ်အာန်၏မှန် ကန်မှုကို အတည်ပြုနိုင်ရန်အလို့ငှာ လျှို့ဝှက်ချက်များကို) ထို (မိုးကောင်းကင်) ၌ နား ထောင်လိုကြသလော။ သို့ဖြစ်လျှင် (ခိုးနားထောင်ခဲ့ဖူးကြသော) သူတို့အနက်မှ ပြောရဲဆိုခွင့်ရှိသော သူတို့၏ကြားနာခဲ့ဖူးသူအား မြင်သာ ထင်ရှားသော သက်သေအထောက်အထားကို ယူဆောင် တင်ပြစေလော့။
أَمْ لَهُ الْبَنَاتُ وَلَكُمُ الْبَنُونَ (39)
သို့တည်းမဟုတ် (အရှင်မြတ်၌သားသမီးရှိသည်ဟူသော သင်တို့၏ရယ်ဖွယ်ကောင်းသော စွပ်စွဲဖြင့်) ထိုအရှင်မြတ်အတွက် သမီးရတနာများကိုသာ (မထီမဲ့မြင်ပြုလျက်) ဖန်တီးသတ်မှတ်၍ သင်တို့ကိုယ်တိုင် အတွက် သားရတနာများသာ ရှိကြစေလိုသလော။
أَمْ تَسْأَلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ (40)
သို့တည်းမဟုတ် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ထံမှ (အရှင်မြတ်၏သတင်းတော်များကို ပို့ချသွန်သင်ခြင်းအတွက် အကျိုးအမြတ်) အဖိုးအခ တစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် သူတို့က ပေးဆပ်စရာ အကြွေး တာဝန်ဝန်ထုပ်ပိနေသူများ ဖြစ်ကြလေသလော။
أَمْ عِندَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ (41)
သို့တည်းမဟုတ် သူတို့ထံတွင် အကွယ်၌ရှိသော (အရှင့်ဉာဏ်တော်အနန္တဖြင့် မှတ်တမ်းတင်ထားတော်မူသော မဟာမှတ်တမ်းတော်ဆိုင်ရာ) ပညာရှိနေသောကြောင့် သူတို့က (ထိုသို့စွပ်စွဲနိုင်ရန်) ယင်းကို ရေးမှတ်နေကြလေသလော။
أَمْ يُرِيدُونَ كَيْدًا ۖ فَالَّذِينَ كَفَرُوا هُمُ الْمَكِيدُونَ (42)
သို့တည်းမဟုတ် သူတို့သည် (တမန်တော်မြတ်၏အရှင့်အမိန့်တော်အား လူသားထံအရောက် သွန်သင် ပို့ချခြင်းတာဝန်၌ အ​ရေးနိမ့်စေရန် အကွက်ဆင်၍) အကြံအစည်တစ်ခုကို ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ဖြစ်လျှင် မယုံကြည်သူ (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည်ပင် လျှင် သူတို့၏အကြံ အစည်များထဲ၌ ချောင်ပိတ်မိ၍ ငြိစွန်းလျက်) ရှိနေကြ၏။
أَمْ لَهُمْ إِلَٰهٌ غَيْرُ اللَّهِ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ (43)
သို့တည်းမဟုတ် သူတို့အတွက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ထိုက်သော ကိုးကွယ်ရာ အရှင်တစ်ပါးပါးရှိလေသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့က အရှင်မြတ်နှင့်တွဲဖက်နှိုင်း၍ ကိုးကွယ်ကြသော ကိုးကွယ်ရာများမှ ကင်းရှင်းတော်မူကြောင်းနှင့် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။
وَإِن يَرَوْا كِسْفًا مِّنَ السَّمَاءِ سَاقِطًا يَقُولُوا سَحَابٌ مَّرْكُومٌ (44)
(မည်သို့ဆိုစေ၊ ခေါင်းမာမာဖြင့် အမှန်တရားကို တစ်ဇွတ်ထိုး ငြင်းပယ်လိုသူများလည်းရှိ၏) အကယ်၍ သူတို့သည် မိုးကောင်းကင်၏အစိတ်အပိုင်းတစ်ခုခုသည် (သူတို့ခေါင်းပေါ်) ကျရောက်လာ သည်ကို မြင်တွေ့ ကြသော်ငြားလည်း (ယင်းကို အမှန်တရားကို ဖီဆန်ငြင်းပယ်ခြင်း၏အကျိုးဆက်အဖြစ် မမြင်ဘဲ ဤသည်) တိမ်တိုက်ပုံ (အစိုင်အခဲပုံ) သာ ဖြစ်သည်ဟု ပြောဆိုကြလိမ့်မည်။
فَذَرْهُمْ حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي فِيهِ يُصْعَقُونَ (45)
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) “သူတို့အား ယင်း၌ သေကိန်းဆိုက်ရောက် (၍ ပြစ်ဒဏ်သင့်) မည့် သူတို့၏နေ့နှင့်ကြုံတွေ့ရသည်အထိ စွန့်လွှတ်၍ ဥပေက္ခာပြု၍ လွတ်ထားလော့။
يَوْمَ لَا يُغْنِي عَنْهُمْ كَيْدُهُمْ شَيْئًا وَلَا هُمْ يُنصَرُونَ (46)
ထိုနေ့တွင် သူတို့၏အကြံအစည်များသည် သူတို့အတွက် မည်သို့မျှ အသုံးဝင်အရာရောက် မည်မဟုတ်သည့်အပြင် သူတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
وَإِنَّ لِلَّذِينَ ظَلَمُوا عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (47)
ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသောသူတို့အတွက် ထိုထက်မက (များပြားသော) ပြစ်ဒဏ်သင့်စေတော်မူလိမ့်မည် သို့ရာတွင် သူတို့အနက် အများစုသည် သိနားလည်ကြသည် မဟုတ်ပေ။
وَاصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ (48)
(သို့ဖြစ်ပေရာ) အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်၏။ ထို့ပြင် အသင်သည် (ဆွလာသ်ဝတ်ပြုမှုအတွက်) ရပ်တည်စဉ်ကာလ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်း ကျေးဇူးတင်ခြင်း နှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော် မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်း တို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။
وَمِنَ اللَّيْلِ فَسَبِّحْهُ وَإِدْبَارَ النُّجُومِ (49)
ထို့ပြင် အသင်သည် ညပိုင်းတွင်လည်းကောင်း၊ ကြယ်တာရာများ ဆုတ်ခွာ (ကွယ်ပျောက်သွား) သည့် နောက်ပိုင်းတွင်လည်းကောင်း၊ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas