Quran with Burmese translation - Surah Al-Qamar ayat 46 - القَمَر - Page - Juz 27
﴿بَلِ ٱلسَّاعَةُ مَوۡعِدُهُمۡ وَٱلسَّاعَةُ أَدۡهَىٰ وَأَمَرُّ ﴾
[القَمَر: 46]
﴿بل الساعة موعدهم والساعة أدهى وأمر﴾ [القَمَر: 46]
Ba Sein ၄၆။ ပျက်စီးရမည့်အချိန်တော်သည် သူတို့အတွက် ချိန်းချက်ထားသောအချိန်နာရီတော်ကြီးဖြစ်၏၊ ထိုအချိန်တော်ကြီး သည် သူတို့အား သူတို့လောကတွင် မအောင်မြင်ဆုံးရှုံးမှုထက် သာလွန်ဆုံးရှုံးနစ်နာစေမည်။ |
Ghazi Mohammad Hashim စင်စစ်မှာကား ‘ကိယာမတ်’ ရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့အား ချိန်းချက်ထားသော ချိန်းချက်မှုဖြစ်၏။ ထိုမှတစ်ပါး ‘ကိယာမတ်’ ရှင်ပြန် ထမည့်အချိန်ကာလသည် ပို၍ပင် ပြင်းထန်သည့်ပြင် ပို၍ပင် နာကြည်းဖွယ် ဖြစ်ပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် ကိယာမသ်နေ့သည် သူတို့အား ချိန်းဆိုထားသည့်နေ့ပင်ဖြစ်သည်။ ထို့ပြင် ကိယာမသ်နေ့သည် ပိုပြင်းထန်သည့်အပြင် ပို၍နာကြည်းဖွယ်ဖြစ်သည်။ |