Quran with Burmese translation - Surah Al-Qalam ayat 7 - القَلَم - Page - Juz 29
﴿إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴾
[القَلَم: 7]
﴿إن ربك هو أعلم بمن ضل عن سبيله وهو أعلم بالمهتدين﴾ [القَلَم: 7]
Ba Sein ၇။ စင်စစ်အားဖြင့် သင်၏ အရှင်သခင်သည် သင်တို့အနက် မည်သူသည် အရှင်မြတ်၏ လမ်းတော်မှ လွဲသွားသည်ကို အသိဆုံးဖြစ်တော်မူ၏၊ မည်သူသည် လမ်းမှန်ကို လိုက်သည်ကိုလည်း အသိဆုံးပင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်တိမ်းပါးခဲ့သောသူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ကို ရရှိကြသောသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်၏လမ်းတော်မှ လွဲမှားသွားသည့်သူများကို အသိဆုံးဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ် သည် တရားလမ်းမှန်ရရှိကြသည့်သူများကိုလည်း အသိဆုံးဖြစ်တော်မူသည်။ |