ن ۚ وَالْقَلَمِ وَمَا يَسْطُرُونَ (1) နူးန်၊ (ငါအရှင်မြတ်သည်) ကလောင်ကိုလည်းကောင်း၊ ယင်း (ကလောင်) ဖြင့် တစ်ကြောင်းပြီး တစ်ကြောင်း ရေးမှတ်ကြသည်တို့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏၊ |
مَا أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍ (2) သင်သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော် (ကုရ်အာန်) ဖြင့် ဂုဏ်ပေးတော်မူသဖြင့် (သူတို့စွပ်စွဲနေသော) စိတ်ဝေဒနာရှင်နှင့်မည်သို့မျှ မအပ်စပ်ပေ။ |
وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ (3) ထို့ပြင် ဧကန်စင်စစ်၊ သင့်အတွက် မည်သည့်အခါမျှ မပြီးဆုံးနိုင်သော (တသမတ်တည်း အတိုင်းအဆမဲ့သော) ဆုလဒ်သည် ဧကန်မုချပင် ရှိနေ၏။ |
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ (4) ထို့ပြင် ဧကန်ပင်၊ အသင်သည် အံ့မခန်းမြင့်မြတ်လှစွာသော ကိုယ်ကျင့်တရားဆိုင်ရာ ထူးခြားသော အရည် အချင်းပေါ်၌ ရပ်တည်သူဖြစ်၏။ |
فَسَتُبْصِرُ وَيُبْصِرُونَ (5) သို့ဖြစ်ပေရာ မကြာမီပင် အသင်သည် မြင်တွေ့ရပေမည်။ (သင့်အား လှောင်ပြောင်နေကြသော) သူတို့သည် လည်း မြင်တွေ့ကြလိမ့်မည်။ |
بِأَييِّكُمُ الْمَفْتُونُ (6) သင်တို့အနက်မှ မည်သူ၌ စိတ်ဝေဒနာ ခံစားနေရသည်ကို။ |
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ (7) ဧကန်စင်စစ်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက ထိုအရှင်မြတ်၏လမ်းစဉ်တော်မှ လမ်းလွဲလျက် လမ်းမှားရောက်သည်ကို အသိတော်မူဆုံးသောအရှင်မြတ် ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ညွှန်ပြတော်မူခြင်းခံရသူများ ပတ်သက်၍လည်း အသိတော်မူဆုံးသော အရှင်မြတ် ဖြစ်တော်မူ၏။ |
فَلَا تُطِعِ الْمُكَذِّبِينَ (8) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (အမှန်တရားနှင့်ဆန့်ကျင်၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ကြသူတို့ (စိတ်အလိုဆန္ဒ) ကို အလေးမထား မလိုက်လျော မလိုက်နာလေနှင့်။ |
وَدُّوا لَوْ تُدْهِنُ فَيُدْهِنُونَ (9) (ယုံကြည်မှုသစ္စာတရားနှင့်စပ်လျဥ်း၍) အကယ်၍ အသင်က အလျှော့ပေး လိုက်လျော လိုက်နာလျှင် သူတို့သည်လည်း (အပေးအယူနည်းဖြင့် ညှိနှိုင်းရန်) အလျှော့ပေးလိုက်လျောလိုက်နာ ကြလိမ့်မည်။ |
وَلَا تُطِعْ كُلَّ حَلَّافٍ مَّهِينٍ (10) ထို့ပြင် အသင်သည် (အမှန်တရားကို မတွေးတော်မဆင်ခြင်ဘဲ မသမာသောနည်းဖြင့် အပေးအယူ လုပ်စေရန်) တိုင်တည်ကျိန်ဆိုသူတိုင်းကိုလည်း အလေးမထား၊ မလိုက်လျော၊ မလိုက်နာလေနှင့်။ |
هَمَّازٍ مَّشَّاءٍ بِنَمِيمٍ (11) ထို့ပြင် လွန်စွာ စောင်းချိတ်ကဲ့ရဲ့၍ အသရေဖျက်စေသူနှင့်အသရေဖျက်စေရန် မဟုတ်မမှန်သော စွပ်စွဲ ချက်များကို နေရာအနှံ့သို့ အဆင့်ဆင့် ပျံ့နှံ့သူတို့ကို (လည်း အလေးမထား၊ မလိုက်လျော၊ မလိုက်နာလေနှင့်။) |
مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ (12) ကောင်းမှုကုသိုလ်ကို အစွမ်းကုန်တားမြစ်သူနှင့် (အရှင်မြတ်ချမှတ်ပေးအပ်တော်မူသော အာရုံခံစားမှု နှင့်လူမှုကျင့်ဝတ်ဆိုင်ရာ) စည်းဘောင်များကို စွဲမြဲစွာ ဖောက်ဖျက်ကျူးလွန်သူများကို (လည်းအလေးမထား မလိုက်လျော မလိုက်နာလေနှင့်။) |
عُتُلٍّ بَعْدَ ذَٰلِكَ زَنِيمٍ (13) (လောဘကြောင့်) လွန်စွာ ယုတ်ညံ့ကြမ်းကြုတ်၍ အန္တရာယ်ပြုသူနှင့်ထိုလုပ်ရပ်များအပြင် (ကိုယ်ကျင့် တရားပျက်လျက်) မည်သူ့ကိုမျှ အကျိုးမပြု (ဘဲ မတော်မတရားဟန်ဆောင်) သူကိုလည်း (အလေးမထား မလိုက်လျော၊ မလိုက်နာလေနှင့်။) |
أَن كَانَ ذَا مَالٍ وَبَنِينَ (14) (ထိုသို့ ပြုမူခြင်း၏အကြောင်းရင်းမှာ) ဥစ္စာဓနပိုင်ဆိုင်မှုများကို ရယူပိုင်ဆိုင်နိုင်ရန်နှင့်သားသမီးရတနာများကြောင့်ပင် ဖြစ်၏။ |
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ (15) သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ သူတို့က ''(ဤသည်) ရှေးခေတ်လူတို့၏ဒဏ္ဍာရီဝတ္ထုများပင် ဖြစ်၏။'' ဟု ပြောဆိုစွပ်စွဲကြဖြစ်၏။ |
سَنَسِمُهُ عَلَى الْخُرْطُومِ (16) မကြာမီပင် ငါအရှင်မြတ်သည် သူတို့၏နှာခေါင်းများပေါ်ဝယ် (ဖျက်မရသော ဂုဏ်သရေပျက်စေသည့် အမှတ်အသားအဖြစ်) တံဆိပ်ခတ်နှိပ်တော်မူလိမ့်မည်။ |
إِنَّا بَلَوْنَاهُمْ كَمَا بَلَوْنَا أَصْحَابَ الْجَنَّةِ إِذْ أَقْسَمُوا لَيَصْرِمُنَّهَا مُصْبِحِينَ (17) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သုခဥယျာဉ်ရှင်များ၏အပေါင်းအဖော်တို့အား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ (ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများအပေါ် မှီခိုအားထားလျက် နစ်မြုပ်ထား၍ အမှန်တရားသစ္စာဘက်သို့ ဖိတ်ခေါ်ခြင်းအား အာခံငြင်းပယ်ကြသော) သူတို့ကိုလည်း သူတို့က (လုပ်ရပ်များ၏အကျိုးအမြတ်များနှင့်) အသီးအပွင့်များကို မနက်ဖြန်၊ မနက်စောစော (နောင်အနာဂတ်) တွင် ဧကန်မုချပင်၊ ဆွတ်ခူးနိုင်လိမ့်မည်။ဟု ကျိန်ဆိုပြောခဲ့ကြစဥ်၌ပင် စမ်းသပ်တော်မူ၏။ |
وَلَا يَسْتَثْنُونَ (18) (အကြောင်းရင်းမှာ) သူတို့သည် (ယင်းသို့ကျိန်ဆိုရာ၌ အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူမှ ဖြစ်သည်ကိုလည်းကောင်း၊ ဆင်းရဲ့ချို့တဲ့သူတို့အား စွန်လှူပေးကမ်းခြင်းကိုလည်းကောင်း၊ ထည့်မတွက်ဘဲ) ခြွင်းချန်ခြင်း မပြုခဲ့ကြသောကြောင့်ပင် ဖြစ်၏။ |
فَطَافَ عَلَيْهَا طَائِفٌ مِّن رَّبِّكَ وَهُمْ نَائِمُونَ (19) သို့ဖြစ်ပေရာ၊ သူတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော လှည့်ပတ်လှုပ်ရှားသည့်အင်အားစု (ကပ်ဘေး) သည် (မမျှော်လင့်ဘဲ ရုတ်တရက် သူတို့ပိုင် ဆိုင်ထားသော) ဥယျာဉ်ခြံပေါ်ဝယ် လှည့်ပတ်ရောက်ရှိလာခဲ့၏။ |
فَأَصْبَحَتْ كَالصَّرِيمِ (20) သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်ခြံမှာ သီးနှံများကို ဆွတ်ခူးရိတ်သိမ်း၍ ပစ်ထားသကဲ့သို့ပင် လွင်တီးခေါင် ဖြစ်သွားခဲ့လေ၏။ |
فَتَنَادَوْا مُصْبِحِينَ (21) ထိုနောက် သူတို့သည် နံနက်စောစောထကြလျက် အချင်းချင်း တစ်ဦးကိုတစ်ဦး အော်ဟစ်၍ခေါ် ခဲ့ကြ လေ၏။ |
أَنِ اغْدُوا عَلَىٰ حَرْثِكُمْ إِن كُنتُمْ صَارِمِينَ (22) ထို့နောက် ''အကယ်၍ သင်တို့သည် အသီးအနှံများကို ရိတ်သိမ်းဆွတ်ခူးလိုကြလျှင် သင်တို့၏လယ်ယာ ဥယျာဉ်ခြံသို့ စောစောသွားကြလော့။'' (ဟု အချင်းချင်း တိုက်တွန်းနှိုးဆော်ခဲ့ကြ၏။) |
فَانطَلَقُوا وَهُمْ يَتَخَافَتُونَ (23) ထို့နောက် သူတို့သည် (အိမ်များမှ ထွက်ကြ၍ ဆင်းရဲနွမ်းပါးသူများ မရောက်လာပါစေနှင့်။” ဟု) သူတို့အ ချင်းချင်း တီးတိုးစကားပြောဆိုလျက် ထွက်သွားကြလေ၏။ |
أَن لَّا يَدْخُلَنَّهَا الْيَوْمَ عَلَيْكُم مِّسْكِينٌ (24) ယနေ့ သင်တို့ထံ (လာရောက်တောင်းခံမည့်) ခိုကိုးရာမဲ့နေသော မည်သည့် ဆင်းရဲနွမ်းပါးသူကိုမျှ ယင်း (ဥယျာဉ်ခြံများ) တွင် ဝင်ရောက်ခွင့် မပေးကြလေနှင့်။ |
وَغَدَوْا عَلَىٰ حَرْدٍ قَادِرِينَ (25) ထို့ပြင် သူတို့သည် (ဆင်းရဲနွမ်းပါးသူများကို ပေးကမ်းလှူဒါန်းခြင်း မပြုရန် သူတို့၏) ခိုင်မာသော ဆုံးဖြတ်ချက်အပေါ် ရပ်တည်လျက် (ရိတ်သိမ်းစုဆောင်းခြင်းနှင့်စွန့်လှူရန်ငြင်းပယ်ခြင်းအတွက်) စွမ်းဆောင်ရည်ရှိ သူများအဖြစ် ထင်မှတ်၍ စောစော ထွက်သွားကြလေ၏။ |
فَلَمَّا رَأَوْهَا قَالُوا إِنَّا لَضَالُّونَ (26) သို့ရာတွင် သူတို့သည် ယင်း (ဥယျာဉ်ခြံများ) ကို မြင်တွေ့ကြသောအခါ “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လမ်းမှားရောက်ခဲ့ကြလေပြီ။” ဟု ပြောဆိုခဲ့ကြ၏။ |
بَلْ نَحْنُ مَحْرُومُونَ (27) (ထိုသို့အလျင်းမဟုတ်ဘဲ ယင်းတို့သည်ပင် သူတို့၏ဥယျာဥ်ခြံမြေများဖြစ်ကြောင်း အသိတရားရလာသောအခါ) အမှန်မှာ ကျွန်ုပ်တို့သည် (ခြံမြေထွက် သီးနှံများ၏အကျိုးခံစားခွင့်များမှ) လက်မဲ့ဖြစ်စေခြင်းခံကြရပြီး အကြောင်းမလှသူများ၊ ဖြစ်ကြလေ၏။ |
قَالَ أَوْسَطُهُمْ أَلَمْ أَقُل لَّكُمْ لَوْلَا تُسَبِّحُونَ (28) သူတို့အနက် မျှတဖြောင့်မတ်၍ သမာဓိရှိသူက ''ကျွန်ုပ်သည် သင်တို့အား (ယခင်ကတည်းက သတိပေး နှိုးဆော်) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု) သင်တို့သည် ထိုအရှင်မြတ်က (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း၊ သက်ရှိအားလုံးအတွက် ရိက္ခာအထောက်အပံ့များ၊ ထောက်ပံ့ တော်မူကြောင်း၊ ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူပြီး ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူကြောင်းအား ဝန်ခံလျက်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြနိုင်မည်လော။” ဟု ပြောခဲ့၏။ |
قَالُوا سُبْحَانَ رَبِّنَا إِنَّا كُنَّا ظَالِمِينَ (29) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူခြင်း၊ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူပြီး ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။ မုချဧကန်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ ဖြစ်ခဲ့ကြပါ၏။” ဟု ပြောဆိုခဲ့ကြ၏။ |
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَلَاوَمُونَ (30) ထို့နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးကို တစ်ဦးအပြန်အလှန် ပြစ်တင်ကဲ့ရဲ့ ရှုတ်ချကြလျက် တစ်ဦးဘက်သို့ တစ်ဦး ချဥ်းကပ်လာခဲ့ကြလေ၏။ |
قَالُوا يَا وَيْلَنَا إِنَّا كُنَّا طَاغِينَ (31) (ထို့နောက်) သူတို့အားလုံးက “သြော်၊ ဖြစ်မှဖြစ်ရလေခြင်း၊ (ကျွန်ုပ်တို့သည် ဒုက္ခလှလှနှင့်ကြုံတွေ့နေ ရပြီ)။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် မာန်မာနထောင်လွှား၍ အာခံပုန်ကန်ခဲ့သူများ ဖြစ်ခဲ့ကြပြီ။” ညည်းညူပြောဆိုကြလေ၏။ |
عَسَىٰ رَبُّنَا أَن يُبْدِلَنَا خَيْرًا مِّنْهَا إِنَّا إِلَىٰ رَبِّنَا رَاغِبُونَ (32) ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့ အား ယင်း (ဥယျာဉ်ခြံမြေ) ထက် ပိုမို၍ ကောင်းမြတ်သောအရာဖြင့် အစားတိုး ပြောင်းလဲ၍ ချီးမြှင့်ကောင်း ချီးမြှင့်တော်မူနိုင်၏။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့သာ ရိုးသားဖြူစင်စွာနှင့်မျှော်ကိုးလျက် ပြန်လှည့်သူများသာ ဖြစ်သင့်၏။ |
كَذَٰلِكَ الْعَذَابُ ۖ وَلَعَذَابُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ (33) (အရှင်မြတ်အား ကျေးဇူးမသိတတ်ခြင်းနှင့်အာခံဖီဆန်ခြင်းကြောင့် လောကီဘဝ၌ ပဏာမ ကြုံတွေ့ နိုင်သည့်) ပြစ်ဒဏ်သည် ထိုနည်းအတိုင်းပင် ဖြစ်၏။ ဧကန်ပင်၊ တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပိုမို၍ပင် ကြီးလေးလှကြောင်း သင်တို့ သိခဲ့ကြလျှင် ကောင်းလေစွ။ |
إِنَّ لِلْمُتَّقِينَ عِندَ رَبِّهِمْ جَنَّاتِ النَّعِيمِ (34) ဧကန်အမှန်၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူတော်စင်) တို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်များ ရှိနေ၏။ |
أَفَنَجْعَلُ الْمُسْلِمِينَ كَالْمُجْرِمِينَ (35) သို့ဖြစ်ပေရာ၊ အရှင်မြတ်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံ၍ အရှင့်အမိန့်တော်များကို နာခံလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များအား (အရှင့်အမိန့်တော်များကို အာခံဖီဆန်သော) ရာဇဝတ်မှု ကျူးလွန်သူများကဲ့သို့ စီမံဖြစ်စေတော်မူရမည်လော။ |
مَا لَكُمْ كَيْفَ تَحْكُمُونَ (36) (ထင်ရာစိုင်းဆုံးဖြတ်နိုင်လောက်အောင်) သင်တို့အတွက် မည်သည့်အကြောင်းရင်း ရှိသနည်း။ (အမှား အမှန်၊ အကောင်းအဆိုး၊ သုခဥယျာဉ်သို့ဝင်ခွင့်ရထိုက်သူနှင့်ငရဲဘုံသို့ဝင်ရမည့်သူတို့ကို မည်သည့် အခြေခံများ ပေါ်မူတည်၍) မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။ |
أَمْ لَكُمْ كِتَابٌ فِيهِ تَدْرُسُونَ (37) သို့တည်းမဟုတ် (ထိုသို့ထင်ရာစိုင်း ဆုံးဖြတ်နိုင်အောင် ကျမ်းတော်မြတ်ကုရ်အာန်မှအပ) သင်တို့အတွက် ယင်း၌ (ထိုသို့သော သင်ခန်းစာများပါဝင်ပြီး သင်တို့ဖတ်ကြား၍) လေ့လာသင်ယူနိုင်သည့် (အခြား) ကျမ်းတစ်စောင် ရှိလေသလော။ |
إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ (38) ယင်းကျမ်း၌ သင်တို့အတွက် သင်တို့စိတ်ကြိုက် နှစ်သက်ရွေးချယ်စရာများ ရှိလေသလော။ |
أَمْ لَكُمْ أَيْمَانٌ عَلَيْنَا بَالِغَةٌ إِلَىٰ يَوْمِ الْقِيَامَةِ ۙ إِنَّ لَكُمْ لَمَا تَحْكُمُونَ (39) သို့တည်းမဟုတ် သင်တို့သည် ရှင်ပြန်ထမည့်နေ့တိုင်အောင် သင်တို့ (စိတ်ကြိုက်) စီရင်ဆုံးဖြတ်သည့်အတိုင်း ဧကန်မုချ ဖြစ်ရမည်ဟူ၍ သင်တို့အတွက် ငါအရှင်မြတ်အပေါ်၌သာ တရားဝင်တာဝန်ရှိစေတော်မူသည့် လေးနက်ခိုင်မာစွာ သစ္စာဆိုထားသော ကတိသစ္စာ၊ အာမခံချက်များ ရရှိလေသလော။ |
سَلْهُمْ أَيُّهُم بِذَٰلِكَ زَعِيمٌ (40) (အို၊ ရစူလ်တမန်တော် သူတို့အား) “သူတို့အနက်မှ ထိုကဲ့သို့ (သော ကတိသစ္စာနှင့်စပ်လျဉ်း၍) တာဝန်ယူ၍ အာမခံချက်ရရှိထားသောသူသည် မည်သူနည်း။” ဟု မေးမြန်းလော့။ |
أَمْ لَهُمْ شُرَكَاءُ فَلْيَأْتُوا بِشُرَكَائِهِمْ إِن كَانُوا صَادِقِينَ (41) သို့တည်းမဟုတ် သူတို့အတွက် အာမခံချက်ပေးထား၍ (သူတို့ကိုယ်တိုင် ကိုးကွယ်ရာများအဖြစ် ကြံစည်ဖန်တီးထားသော ရုပ်ပွားဆင်းတုများ၊ အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်စရာများ ရှိကြသလော။ သို့ဖြစ်ပေရာ၊ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်သော သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ထိုတွဲဖက် နှိုင်းယှဉ်ဖက်တို့အား သူတို့နှင့်အတူခေါ်ဆောင် (စေ၍ သူတို့၏ကြွေးကြော်မှု မှန်ကန်ကြောင်းကို သက်သေ ထွက်ဆို) စေလော့။ |
يَوْمَ يُكْشَفُ عَن سَاقٍ وَيُدْعَوْنَ إِلَى السُّجُودِ فَلَا يَسْتَطِيعُونَ (42) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် (လောကီဘဝ၌ ပြုမူကျင့်ကြံသမျှ၏အခြေခံအကြောင်းရင်းများကို ကိုယ်စားပြုသော) ညို့သကျည်း ထင်ရှားထုတ်ဖော်စေခြင်းခံရ (ပြီးဘေးဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့ရ) ပေမည်။ ထို့ပြင် သူတို့သည် (အရှင့်အမိန့်တော်အတိုင်းနာခံ၍) ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းခံကြရသော်လည်း သူတို့မှာမူ ကား (နာခံဦးချ) နိုင်စွမ်းမရှိကြပေ။ |
خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۖ وَقَدْ كَانُوا يُدْعَوْنَ إِلَى السُّجُودِ وَهُمْ سَالِمُونَ (43) သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ စင်စစ်သော်ကား သူတို့သည် (လောကီဘဝ၌) လုံခြုံစိတ်ချစွာနှင့်ပကတိကျန်းမာစွာ ရှိနေကြစဉ် (အရှင့်အမိန့်တော်အတိုင်းနာခံ၍) ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းခံကြရ (သော်လည်း သူတို့က အာခံဖီဆန်ခဲ့ကြ) ၏။ |
فَذَرْنِي وَمَن يُكَذِّبُ بِهَٰذَا الْحَدِيثِ ۖ سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ (44) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် ဤအရှင့်စကားတော် (အမိန့်ထုတ်ပြန်ချက်များ ဖြစ်သောကျမ်းတော်မြတ်ကုရန်အာန်) အား မဟုတ်မတရား မမှန်မကန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သူတို့ကို သတိမူ နားလည်သဘောပေါက်နိုင်စွမ်းမရှိသည့် အခြေအနေနှင့်နေရာများအတိုင်း ရှိစေတော်မူလျက် မကြာမီ ထာဝရပြစ်ဒဏ်ခံရမည့် အနိမ့်ဆုံးအဆင့်သို့ ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လုပ်ဆောင်နိုင်အောင် ဦးတည်စေတော်မူရန် ငါအရှင်မြတ်နှင့်ပင် လွှတ်ထားလော့။ |
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ (45) ထို့ပြင် ငါအရှင်မြတ်သည် (သူတို့က သူတို့၏နည်းစနစ်များကို ပြုပြင်နိုင်ရန်အလို့ငှာ) သူတို့အား ခေတ္တရွှေ့ဆိုင်းခွင့် ပေးတော်မူလျက် ကြိုးလျော့ပေးထားတော်မူ၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏ဗျူဟာသည် အလွန် ခိုင်မြဲပြီး မည်သည့်အခါမျှ အရေးနိမ့်မည် မဟုတ်ပေ။ |
أَمْ تَسْأَلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ (46) သို့တည်းမဟုတ် (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင်က သူတို့ထံမှ အကျိုးဆုလဒ်အခကြေးငွေ တစ်စုံတစ်ရာကို တောင်းဆိုနေသောကြောင့် (သူတို့က အသင့်အား ကြားနာရန်) အကြွေး ဝန်ထုပ်ဖိစီးခြင်းခံနေရဖြင့် ဝန်လေးနေကြ (မည့်သူများအဖြစ် ထင်မှတ်နေကြ) လေသလော။ |
أَمْ عِندَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ (47) သို့တည်းမဟုတ် (တည်ရှိမှုဆိုင်ရာ အမှန်တရားများ၏လျှို့ဝှက်ချက်အားလုံးအပါအဝင်) အကွယ်၌ရှိသည့် (သုခဥယျာဉ်နှင့်ငရဲဘုံတို့အကြောင်း သိစွမ်းနိုင်သော) အသိပညာရှိနေသောကြောင့် သူတို့သည် (သူတို့၏ကံကြမ္မာကို စိတ်ကြိုက်ဆုံးဖြတ်၍) ရေးမှတ်နေကြလေသလော။ |
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُن كَصَاحِبِ الْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌ (48) သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ (သင့်လူမျိုး တို့၏အာခံဖီဆန်မှုကြောင့် ဆို့နင့်သည်အထိ) စိတ်ဒုက္ခဝေဒနာကို ကျိတ်မိတ်ခံစားလျက် (အရှင်မြတ်အား) အော်ဟစ်၍ ဆုတောင်းခဲ့သော ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သူ (တမန်တော်ယူနူးစ်) ကဲ့သို့မဖြစ်ဘဲ (ရင်ဆိုင်ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ |
لَّوْلَا أَن تَدَارَكَهُ نِعْمَةٌ مِّن رَّبِّهِ لَنُبِذَ بِالْعَرَاءِ وَهُوَ مَذْمُومٌ (49) အကယ်၍ ယင်း (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော တမန်တော်ယူနူးစ်၏ဝန်ချတောင်းပန်မှု) ကို ဗွေမယူဘဲ (လက်ခံတော်မူလျက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းမရှိခဲ့လျှင် ဧကန်ပင်၊ ပြစ်တင်ရှုတ်ချမှုခံရသူ တစ်ဦးအဖြစ် လွင်တီးခေါင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရလိမ့်မည်သာ ဖြစ်၏။ |
فَاجْتَبَاهُ رَبُّهُ فَجَعَلَهُ مِنَ الصَّالِحِينَ (50) သို့ရာတွင် (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူ့ကို ရွေးချယ်မြှောက်စားတော်မူပြီးလျှင် သူ့အား ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသော သူတော်ကောင်းတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့၏။ |
وَإِن يَكَادُ الَّذِينَ كَفَرُوا لَيُزْلِقُونَكَ بِأَبْصَارِهِمْ لَمَّا سَمِعُوا الذِّكْرَ وَيَقُولُونَ إِنَّهُ لَمَجْنُونٌ (51) စင်စစ်သော်ကား ဧကန်မလွဲ၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကို နားထောင်ကြသောအခါ “ဧကန်ပင်၊ ဤပုဂ္ဂိုလ်သည် ဧကန်မုချ၊ စိတ်ဝေဒနာရှင်တစ်ဦးသာ ဖြစ်၏။” ပြောဆိုကြလျက် သူတို့၏မျက်စိများဖြင့် အသင် (တမန်တော်) အား ဝါးမျိုလိုက်မည့်အလား ငေးစိုက်ကြည့်နေခဲ့ကြ၏။ |
وَمَا هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ (52) အမှန်စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောခပ်သိမ်းတို့အတွက် ဆုံးမသြဝါဒများပါဝင်သည့် သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (သတိပေးနှိုးဆော်ချက်) မှအပ အခြားမဟုတ်ပေ။ |