Quran with Burmese translation - Surah Al-A‘raf ayat 159 - الأعرَاف - Page - Juz 9
﴿وَمِن قَوۡمِ مُوسَىٰٓ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ﴾
[الأعرَاف: 159]
﴿ومن قوم موسى أمة يهدون بالحق وبه يعدلون﴾ [الأعرَاف: 159]
Ba Sein ၁၅၉။ တမန်တော်မူဆာ၏အမျိုးသားထဲတွင် အသင်းတစ်သင်းရှိ၏။ ထိုအသင်းသားတို့သည် သစ္စာတရား နှင့် လမ်းညွှန်ပြ၍ ထိုတရားတော်အားဖြင့် သမာသမတ်မှုကို ပြုလုပ်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (နဗီတမန်တော်)မူစာ၏ အမျိုးသားတို့တွင် လူတစ်စုရှိသည်။ ၎င်းတို့သည် (သူတစ်ပါးတို့အားလည်း)မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြလေသည်။ ထိုပြင် မိမိတို့ကိုယ်တိုင်လည်း ထိုမှန်ကန်သော တရားဓမ္မနှင့်အညီစီရင်ဆုံးဖြတ် ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)မူစာ၏ အမျိုးသားများတွင် လူတစ်စုရှိသည်။* သူတို့သည် မှန်ကန်သော တရားတော်နှင့်အညီ လမ်းမှန်ညွှန်ကြားပြသကြသည်။ ၎င်းပြင် သူတို့ကိုယ်တိုင်လည်း ထိုမှန်ကန်သော တရားတော်နှင့်အညီပင် စီရင်ဆုံးဖြတ်ကြသည်။ |