×

ထို့ပြင် ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်များဖြစ်ကြသော) သူတို့ကို လူမျိုးစုအသိုင်းအဝိုင်း ဆယ့် နှစ်စုအဖြစ် ကွဲစေမူခဲ့၏။ ထို့ပြင် တမန်တော်မူဆာအား သူ့လူမျိုးတို့က (သဲကန္တာရထဲ၌ 7:160 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:160) ayat 160 in Burmese

7:160 Surah Al-A‘raf ayat 160 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 160 - الأعرَاف - Page - Juz 9

﴿وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمٗاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴾
[الأعرَاف: 160]

ထို့ပြင် ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်များဖြစ်ကြသော) သူတို့ကို လူမျိုးစုအသိုင်းအဝိုင်း ဆယ့် နှစ်စုအဖြစ် ကွဲစေမူခဲ့၏။ ထို့ပြင် တမန်တော်မူဆာအား သူ့လူမျိုးတို့က (သဲကန္တာရထဲ၌ သောက်သုံးရေ ပြတ်တောက်နေစဉ်) ရေရရှိရန်အတွက် တောင်းဆိုခဲ့စဉ် ငါအရှင်မြတ်သည် မူဆာထံသို့ “သင်၏ တောင်ဝှေးဖြင့် ကျောက်တုံးကိုရိုက်လော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချတော်မူခဲ့၏။ (တမန်တော်မူဆာက ကျောက်တုံးကို ရိုက်သည်နှင့်တပြိုင်နက်တည်း) စိမ့်စမ်းရေ ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့၏။ လူမျိုးစုတိုင်းသည် သူတို့၏သောက်သုံးရာနေရာများကို သိခဲ့ကြပြီ။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ တိမ်သားဖြင့် အရိပ်ပေးတော် မူပြီး မန္န (ခေါ် အနံ့အရသာကောင်းသည့်စားဖွယ်) နှင့် စလ်ဝါ (ခေါ် ငုံးငှက်) တို့ကိုလည်း သူတို့ထံ ပို့ဆောင်ပေး တော်မူလျက် “သင်တို့အား ငါအရှင်မြတ်ပေးအပ်တော်မူသည့် ရိက္ခာနှင့်လိုအပ်ချက်များအနက်မှ သန့်ရှင်းစင် ကြယ်သော စားသုံးဖွယ်များကို စားသုံးကြလော့။” (ဟု မိန့်တော်မူခဲ့၏။) ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရားပြုကျင့်ခြင်းဖြင့်) ငါအရှင်မြတ်အား နစ်နာစေနိုင်သည် မဟုတ်ပေ။ သို့ရာတွင် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) သူတို့၏စိတ်အလိုရမ္မက်အတိုင်း သုံးခြင်း ဖြင့် သူတို့ကိုယ်သူတို့ နစ်နာစေခြင်းသာဖြစ်၏။

❮ Previous Next ❯

ترجمة: وقطعناهم اثنتي عشرة أسباطا أمما وأوحينا إلى موسى إذ استسقاه قومه أن, باللغة البورمية

﴿وقطعناهم اثنتي عشرة أسباطا أمما وأوحينا إلى موسى إذ استسقاه قومه أن﴾ [الأعرَاف: 160]

Ba Sein
၁၆ဝ။ ငါအသျှင်မြတ်သည် ထိုအမျိုးသားတို့ကို လူမျိုးဆယ့်နှစ်မျိုး ပိုင်းခြားတော်မူ၏။ သူ၏အမျိုးသားတို့က သူ့ထံမှ ရေတောင်းသောအခါ ငါသည် တမန်တော်မူဆာအား အို-မူဆာ သင်သည် ကျောက်တုံးကြီး ကို မိမိတောင်ဝှေးနှင့် ရိုက်လော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ရိုက်သောအခါ စိမ့်စမ်းဆယ့်နှစ်သွယ် ပန်းထွက်လာ၍ လူမျိုးတစ်မျိုးစီသည် မိမိတို့ရေသောက်ရာစခန်းအသီးသီးကိုသိကြ၏။ ငါသည် မိုးတိမ်ဖြူတို့အား သူတို့ကို လွှမ်းစေတော်မူ၏။ ငါသည် သူတို့အတွက် မိုးကောင်းကင်မှ မန္နာနှင့် ငုံးငှက်များကို ချပေးသနားတော်မူ၍ အို-အစ္စရာအီလ်အမျိုးသားအပေါင်းတို့ ငါအသျှင်မြတ် ပေးသနားတော်မူသော သန့်ရှင်းမွန်မြတ်သောအစာအဟာရများကို မှီဝဲသုံးစွဲကြလော့ဟု ဗျာဒိတ် ပေးတော်မူ၏။ သူတို့သည် ငါအသျှင်မြတ်ကို ပြစ်မှားကြသည်မဟုတ်ပေ။ မိမိကိုယ်ကိုမိမိတို့ ပြစ်မှားလေ့ရှိကြ၏။
Ghazi Mohammad Hashim
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မျိုးနွယ်ဆယ့်နှစ်သွယ်ခွဲ၍ အုပ်စုအသီးသီးသီး ပြုလုပ်ပေးတော်မူခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာ၏ထံသို့ ထို(နဗီတမန်တော်)မူစာ၏ အမျိုးသားတို့က (သောက်သုံးရန်)ရေကိုတောင်းကြသောအခါ၊ ငါအရှင်မြတ်သည် မူစာထံသို့ (အိုမူစာ)အသင်သည် မိမိလှင်ကန်ဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ ဟူ၍ အမိန့်တော်ထုတ်ပြန်တော်မူခဲ့လေသည်။ သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော်မူစာသည် ကျောက်တုံးကို)ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်း(ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကိုအသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်(မွတ်သိပ်ဆာလောင်ခြင်းမှကင်းစိမ့်သောငှာ)မန္န (ဟူသောစားဖွယ်)ကိုလည်းကောင်း၊ စလ်ဝါ (ခေါ်ငုံးသတ္တဝါ)ကိုလည်းကောင်း၊ ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။ အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့်ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအရှင်မြတ်အားညှဉ်းပန်းနှိပ်စက်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကို မိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြလေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား မျိုးနွယ်ဆယ့်နှစ်ခုခွဲပြီး အုပ်စုများ လုပ်‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် (တမန်‌တော်)မူစာထံသို့ ၎င်း၏အမျိုးသားများက ‌ရေ‌တောင်းကြ‌သောအခါ၊ ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ ဝဟီချ အမိန့်‌ပေး‌တော်မူခဲ့သည်- “အသင်သည် အသင်၏‌တောင်‌ဝှေးနှင့် ‌ကျောက်တုံးကို ရိုက်လိုက်ပါ။“ ထို(အမိန့်အတိုင်း ရိုက်လိုက်သည့်)အတွက် ထို‌ကျောက်တုံးမှ စမ်း‌ရေ‌ချောင်း ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့သည်။ ထိုမျိုးနွယ်အသီးသီးသည် သူတို့‌သောက်သုံးရာ‌နေရာများကို သိရှိမှတ်မိကြသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအမျိုးသားများအ‌ပေါ်တွင် မိုးတိမ်များကို အရိပ်အာဝါသ ပြု‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မန်းဟု‌ခေါ်‌သောနှင်းမုန့်နှင့် စလ်ဝါဟု‌ခေါ်‌သောငုံး‌ကောင်ကို သူတို့အ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် ငါအရှင်မြတ် ‌ပေးသနား‌တော်မူ‌သော ‌ကောင်းမြတ်သန့်စင်သည့် စားစရာများကို စားသုံးကြပါ။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်ကို နှိပ်စက်ခဲ့ကြသည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်းခဲ့ကြခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek