×

အကယ်၍ (လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား ဟန့်တားရန်) ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် ယင်း (အာယာသ်သက်သေလက္ခဏာတော်များ) အားဖြင့် ထိုသူအား (အရှင့်အမိန့်ပညတ်ချက်များကို အပြည့်အဝ ယုံကြည်လိုက်နာသူတစ်ဦးဖြစ်စေလျက် သုခဘုံနန်းထဲဝင်ထိုက်သည်အထိ) 7:176 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:176) ayat 176 in Burmese

7:176 Surah Al-A‘raf ayat 176 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 176 - الأعرَاف - Page - Juz 9

﴿وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ ﴾
[الأعرَاف: 176]

အကယ်၍ (လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား ဟန့်တားရန်) ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် ယင်း (အာယာသ်သက်သေလက္ခဏာတော်များ) အားဖြင့် ထိုသူအား (အရှင့်အမိန့်ပညတ်ချက်များကို အပြည့်အဝ ယုံကြည်လိုက်နာသူတစ်ဦးဖြစ်စေလျက် သုခဘုံနန်းထဲဝင်ထိုက်သည်အထိ) ဂုဏ်သိက္ခာပေး၍) မြှင့်တင်ပေးနိုင်တော်မူ၏။ သို့ရာတွင် သူသည် ကမ္ဘာဂြိုဟ် (၌ ခေတ်စားနေသော လောကီဥစ္စာဓနနှင့် ပကာသနအားမက် မောခြင်း) ဘက်သို့ စွဲမြဲစွာ တွယ်ကပ်ပြီး သူ၏စိတ်အလိုဆန္ဒနောက်ကိုသာ တကောက်ကောက် လိုက်နေ၏။ သို့ဖြစ်ရာ သူ၏ပမာသည်ကား ယင်းအပေါ် တိုက်ခိုက်မောင်းထုတ်ခံရလျှင် မောဟိုက်လျက် လျှာထွက်နေသော သို့မဟုတ် ယင်းကို (မည်သည့်အနှောင့်အယှက်မျှမပေးဘဲ) လွှတ်ထားလိုက်လျှင်လည်း မောဟိုက်လျက် လျှာထွက်နေသော ခွေးပမာပင် ဖြစ်၏။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းဆန်လူမျိုး၏ပမာသည်လည်း ထိုသို့ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့တွေးတောဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ရန်အလို့ငှာ ထို (စံနမူနာယူထိုက်သော) ဖြစ်စဉ် ဇာတ်ကြောင်းအား ဆင့်ပြန်တင်ပြလော့။

❮ Previous Next ❯

ترجمة: ولو شئنا لرفعناه بها ولكنه أخلد إلى الأرض واتبع هواه فمثله كمثل, باللغة البورمية

﴿ولو شئنا لرفعناه بها ولكنه أخلد إلى الأرض واتبع هواه فمثله كمثل﴾ [الأعرَاف: 176]

Ba Sein
၁၇၆။ ငါအသျှင်မြတ်သည် အလိုတော်ရှိလျှင် ထိုသူအား ကျမ်းတော်အားဖြင့် သူတော်စင်၊ သူတော်မြတ် ဘဝသို့ ချီးမြှောက်နိုင်တော်မူ၏။ သို့သော် သူသည် ကမ္ဘာမြေကြီးကို တွယ်ကပ်၍ မိမိ၏ တဏှာရာဂ လောဘဘက်သို့လိုက်၏။ ထို့ကြောင့် သူ၏ ဥပမာမှာ ခွေး၏ဥပမာနှင့်တူ၏။ သင်သည် ခွေးကို မောင်းနှင်လျှင် ခွေးသည်လျှာထုတ်နေ၏။ သင်သည် ခွေးကိုမမောင်းဘဲ ဘာသိဘာသာထားလျှင် လည်း ခွေးသည် လျှာထုတ်နေ၏။ ငါ၏ဗျာဒိတ်တော်များကို မယုံကြည် ငြင်းပယ်သောသူတို့သည် ယင်း ဥပမာနှင့်တူကြ၏။ သူတို့သည် စဉ်းစားဆင်ခြင်ကောင်း စဉ်းစားဆင်ခြင်စေရန် ရှေးလူဟောင်း တို့၏ ရာဇဝင်ကို ဟောကြားလော့။
Ghazi Mohammad Hashim
စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိ‌တော်မူခဲ့လျှင် သူ့အား ထိုသက်‌သေလက္ခဏာများနှင့် (ဂုဏ်သိက္ခာ)မြှင့်တင်‌ပေး‌တော်မူခဲ့လိုက်မည်။ သို့ရာတွင် သူသည် ကမာ္ဘ‌မြေ(‌လောကီစည်းစိမ်)ဘက်ကို ယိမ်းယိုင်သွားပြီး သူ့စိတ်အလိုဆန္ဒ‌နောက်ကို လိုက်စားခဲ့သည်။ သို့ဖြစ်ရာ သူ၏ပမာသည် ‌ခွေး၏ပမာကဲ့သို့ဖြစ်ခဲ့သည်။* အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ထို‌ခွေးသည် ‌မောဟိုက်၍ လျှာထုတ်‌နေမည်။ သို့မဟုတ် အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ‌မောဟိုက်၍ လျှာထုတ်‌နေမည်ပင်* ဖြစ်သည်။ ဤသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများ၏ ပမာပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့ စဉ်းစားဆင်ခြင်နိုင်ရန်အတွက် (ဤ)အ‌ကြောင်းအရာကို ‌ပြောပြလိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek