×

ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြ သော လူမျိုး၏ပမာသည်ကား အလွန်ပင် ဆိုးဝါးနိမ့်ကျလှပေ၏။ ထို့ပြင် (မကောင်းမှုအကုသိုလ်လုပ်ခြင်းဖြင့်) သူတို့သည် သူတို့၏နဖ်စ် (ခေါ် 7:177 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:177) ayat 177 in Burmese

7:177 Surah Al-A‘raf ayat 177 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 177 - الأعرَاف - Page - Juz 9

﴿سَآءَ مَثَلًا ٱلۡقَوۡمُ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَأَنفُسَهُمۡ كَانُواْ يَظۡلِمُونَ ﴾
[الأعرَاف: 177]

ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြ သော လူမျိုး၏ပမာသည်ကား အလွန်ပင် ဆိုးဝါးနိမ့်ကျလှပေ၏။ ထို့ပြင် (မကောင်းမှုအကုသိုလ်လုပ်ခြင်းဖြင့်) သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ကို (စိတ်အလိုဆန္ဒနှင့်အညီသာ အသုံးချ၍ သူတို့ကိုယ်တိုင်) အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်လျက် မမှန်မကန် မတော်မတရား ပြုလုပ်နေကြ၏။

❮ Previous Next ❯

ترجمة: ساء مثلا القوم الذين كذبوا بآياتنا وأنفسهم كانوا يظلمون, باللغة البورمية

﴿ساء مثلا القوم الذين كذبوا بآياتنا وأنفسهم كانوا يظلمون﴾ [الأعرَاف: 177]

Ba Sein
၁၇၇။ အကြင်သူတို့သည် ငါ၏ကျမ်းတော်ကို မယုံကြည်ဖယ်ရှား၍ မိမိကိုယ်ကိုမိမိတို့ ပြစ်မှားလေ့ရှိကြ၏။ ထိုသူတို့၏ဥပမာပုံသည် ဆိုးဝါးယုတ်ညံ့သောဥပမာဖြစ်၏။
Ghazi Mohammad Hashim
အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။
Hashim Tin Myint
အကြင်သူတို့၏ပမာသည် ဆိုးယုတ်လှသည်။ ထိုသူများသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်း‌နေခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek