Quran with Burmese translation - Surah Al-A‘raf ayat 190 - الأعرَاف - Page - Juz 9
﴿فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ﴾
[الأعرَاف: 190]
﴿فلما آتاهما صالحا جعلا له شركاء فيما آتاهما فتعالى الله عما يشركون﴾ [الأعرَاف: 190]
Ba Sein ၁၉ဝ။ သို့သော် အသျှင်မြတ်သည် သူတို့အား ကလေးရတနာကို ပေးသနားတော်မူသောအခါ သူတို့သည် ထိုကလေးပေးရာ၌ အသျှင်မြတ်နှင့် ဘုရားဆင်းတုများကို ဖက်စပ်တွဲဖက်ကြ၏။ အသျှင်မြတ်သည် သူတို့တွဲဖက်သူများထက် အတိုင်းမသိ မြင့်မြတ်တော်မူလှ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။ |
Hashim Tin Myint ထို့နောက် အရှင်မြတ်သည် သူတို့နှစ်ဦးအား (သားသမီး)ကောင်းမွန်စွာ ပေးသနားတော်မူလိုက်သောအခါ သူတို့နှစ်ဦးစလုံးသည် အရှင်မြတ်က သူတို့အား ပေးသနားတော်မူသောအရာနှင့်ပတ်သက်၍ (အခြားအရာများကို) အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြသည်။* ၎င်းပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မားလှတော်မူသည်။ |