Quran with Burmese translation - Surah Al-Anfal ayat 10 - الأنفَال - Page - Juz 9
﴿وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ وَلِتَطۡمَئِنَّ بِهِۦ قُلُوبُكُمۡۚ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ﴾
[الأنفَال: 10]
﴿وما جعله الله إلا بشرى ولتطمئن به قلوبكم وما النصر إلا من﴾ [الأنفَال: 10]
Ba Sein ၁ဝ။ အလ္လာဟ်အသျှင်မြတ်သည် ဤအကြောင်းကို မင်္ဂလာရှိသောသတင်းကောင်းအဖြစ်ဖြင့် ဗျာဒိတ်ပေး တော်မူ၏။ သင်တို့စိတ်နှလုံးမတုန်လှုပ်ပဲ ချမ်းသာဖို့ရာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်၏ အစောင်အမ တော်ကြောင့်သာလျှင် စစ်အောင်နိုင်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ) |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထို(သို့ ကောင်းကင်တမန် စေလွှတ်ပြီး ကူညီတော်မူမည်ဟု) ကတိပေးတော်မူခြင်းသည် (အသင်တို့အတွက်) ဝမ်းမြောက်ဖွယ်သတင်းကောင်းအဖြစ်နှင့် အသင်တို့၏ စိတ်နှလုံးများကို ထိုသတင်းနှင့် နှစ်သိမ့်အေးချမ်းရန်အတွက် ပြုလုပ်တော်မူခဲ့ခြင်းသာဖြစ်သည်။ ၎င်းပြင် အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်ထံတော်မှသာ ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |