Quran with Burmese translation - Surah Al-Anfal ayat 13 - الأنفَال - Page - Juz 9
﴿ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴾
[الأنفَال: 13]
﴿ذلك بأنهم شاقوا الله ورسوله ومن يشاقق الله ورسوله فإن الله شديد﴾ [الأنفَال: 13]
Ba Sein ၁၃။ သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်ကို ခုခံတိုက်ခိုက်သောကြောင့် ယင်းသို့ စီရင်တော်မူကြ၏။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်တမန်တော်ကို ခုခံတိုက်ခိုက်အံ့။ ထိုသူကို အလ္လာဟ်အသျှင်မြတ်သည် ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ဤသည် အမှန်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်အား ဆန့်ကျင်ခဲ့ခြင်းကြောင့် (ဤသို့ အမိန့်ချမှတ်ခြင်း)ဖြစ်သည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို ဆန့်ကျင်လျှင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |