×

သို့သော် အကယ်၍ သူတို့သည် (သူတို့၏ယခင်ယုံကြည်မှုလမ်းစဉ်နှင့်သဘောထားအတိုင်းပင် ဆက်လက် လိုက်နာကျင့်သုံးလို၍) လွှဲဖယ်၍ ပြန်လှည့်ကြလျှင် လူတိုင်းသိထားသင့်သည်မှာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်တော်မူသောအရှင် 8:40 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:40) ayat 40 in Burmese

8:40 Surah Al-Anfal ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 40 - الأنفَال - Page - Juz 9

﴿وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ﴾
[الأنفَال: 40]

သို့သော် အကယ်၍ သူတို့သည် (သူတို့၏ယခင်ယုံကြည်မှုလမ်းစဉ်နှင့်သဘောထားအတိုင်းပင် ဆက်လက် လိုက်နာကျင့်သုံးလို၍) လွှဲဖယ်၍ ပြန်လှည့်ကြလျှင် လူတိုင်းသိထားသင့်သည်မှာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ အရှင်မြတ်သည် အကောင်းမြတ်ဆုံးအရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်မူသောအရှင် ဖြစ်တော်မူရုံသာမက အကောင်းမြတ်ဆုံး ကူညီစောင်မတော်မူသောအရှင်လည်း ဖြစ်တော်မူကြောင်း နှလုံးသွင်းကြလော့။

❮ Previous Next ❯

ترجمة: وإن تولوا فاعلموا أن الله مولاكم نعم المولى ونعم النصير, باللغة البورمية

﴿وإن تولوا فاعلموا أن الله مولاكم نعم المولى ونعم النصير﴾ [الأنفَال: 40]

Ba Sein
၄ဝ။ သူတို့သည် လှည့်သွားကြလျှင် အလ္လာထဟ်အသျှင်မြတ်သည် သင်တို့၏ အဆွေခင်ပွန်း၊ အတိုင်းထက် အလွန်မြင့်မြတ်ဆသောနာယက၊ အတိုင်းထက်အလွန် မြင့်မြတ်သော ကူညီစောင်မသူဖြစ်တော် မူသည်တို့ကို မှတ်သားကြလော့။
Ghazi Mohammad Hashim
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။
Hashim Tin Myint
ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား(ကူညီ‌တော်မူမည့်)မိတ်‌ဆွေ ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားလိုက်ကြပါ။ အရှင်မြတ်သည် အဘယ်မျှ‌ကောင်း‌သော မိတ်‌ဆွေနှင့် အဘယ်မျှ‌ကောင်း‌သော ကူညီ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်ပါသနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek