Quran with Burmese translation - Surah Al-Anfal ayat 41 - الأنفَال - Page - Juz 10
﴿۞ وَٱعۡلَمُوٓاْ أَنَّمَا غَنِمۡتُم مِّن شَيۡءٖ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِ إِن كُنتُمۡ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلۡنَا عَلَىٰ عَبۡدِنَا يَوۡمَ ٱلۡفُرۡقَانِ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴾
[الأنفَال: 41]
﴿واعلموا أنما غنمتم من شيء فأن لله خمسه وللرسول ولذي القربى واليتامى﴾ [الأنفَال: 41]
Ba Sein ၄၁။ သင်တို့သည် အလ္လာဟ်.အသျှင်ကို ယုံကြည်သူများဖြစ်ကြလျှင် သင်တို့၏ စစ်သုံ့လက်ရပစ္စည်းများ အနက် ငါးပုံတစ်ပုံကို အသျှင်မြတ် တမန်တော်၊ တမန်တော်၏သူဆင်းရဲသားချင်းတို့၊ မိဘမဲ့တို့၊ သူဆင်းရဲတို့ ခရီးသည်တို့အတွက်ဖြစ်သည်ကို မှတ်သားကြလော့။ စစ်တပ်ကြီးနှစ်တပ် ရင်ဆိုင် တိုက်ခိုက်သော အမှားအမှန် ခွဲခြားသောနေ့၌ ငါအသျှင်မြတ်က မိမိကျေးကျွန်တော်ကို ချပေးသနား တော်မူသော ဗျာဒိတ်တော်ကို ယုံကြည်ကြလျှင် ယင်းသို့ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ် သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့)အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့အား) ခွဲခြားသိသာစေသောနေ့တွင်(ဝါ)အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ) ကိုလည်းကောင်း၊ ယုံကြည် ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစ်စုံတစ်ရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ထိုပစ္စည်းများအနက်ငါးပုံတစ်ပုံကို ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဖမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊သူဆင်းရဲတို့သည်လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိထားကြလေကုန်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့ သိရှိထားရမည်မှာ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် ယုံကြည်ခဲ့သည်ဆိုလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရှင်မြတ်၏ကျွန်(မုဟမ္မဒ်-ဆွ)၏အပေါ်ကို (ယုံကြည်သူနှင့် မယုံကြည်သူများကို)ခွဲခြားသိသာစေသောနေ့၊ အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့၌ ချပေးသနားတော်မူခဲ့သောအရာ (သက်သေသာဓကများ)ကို* ယုံကြည်ခဲ့သည်ဆိုလျှင်၊ အသင်တို့သည် (စစ်တိုက်ရာမှ)လက်ရပစ္စည်းများရရှိခဲ့လျှင်* ထိုပစ္စည်းများထဲမှ ငါးပုံတစ်ပုံသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်၊ တမန်တော်မြတ်အတွက်၊ (တမန်တော်မြတ်၏)ဆွေမျိုးရင်းချာများအတွက်၊ အဘမဲ့ကလေးများအတွက်၊ ဆင်းရဲသားများအတွက်နှင့် ခရီးသည်များအတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |