Quran with Burmese translation - Surah Al-Anfal ayat 39 - الأنفَال - Page - Juz 9
﴿وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٞ ﴾
[الأنفَال: 39]
﴿وقاتلوهم حتى لا تكون فتنة ويكون الدين كله لله فإن انتهوا فإن﴾ [الأنفَال: 39]
Ba Sein ၃၉။ မတရားညှင်းပန်းမှုမရှိဘဲ ဘာသာအယူဝါဒသည် အလ္လာဟ်အသျှင်မြတ်အဖို့သာလျှင် ဖြစ်သည်တိုင် အောင် သူတို့အား စစ်ပြိုင်ဆိုင်တိုက်ခိုက်ကြလော့။ သို့သော် သူတို့သည် စစ်ရပ်စဲကြလျှင် မှတ်သား ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတို့၏ပြုကျင့်မှုကို သိတော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့)အသင်တို့သည် ယင်းသူတို့အား (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက် ညှဉ်းပန်းမှုသည် ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍ သွားသည်အထိတိုက်ခိုက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ၎င်းတို့ သည်(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ရပ်စဲခဲ့ကြပါလျှင်၊ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ခွဲခြားသိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(တစ်နည်း)ထို့ပြင်တဝ အသင်တို့သည် သာသနာရေး ညှဉ်းပန်းမှု လုံးဝပပျောက်၍ သာသနာတော်သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်သွားသည့်တိုင် အောင် ((ဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သာလျှင် လိုက်နာကြသည့်တိုင်အောင်)ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် သူတို့ကို (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက်ညှဉ်းပန်းချုပ်ချယ်မှုသည် ပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သွားသည်အထိ တိုက်ခိုက်ကြပါ။ ထို့နောက် အကယ်၍ သူတို့သည် (တိုက်ခိုက်မှုမှ)ရပ်စဲခဲ့ကြလျှင်၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို အကြွင်းမဲ့မြင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |