×

ဧကန်ပင်၊ ယုံကြည်သူများ၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ 8:72 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:72) ayat 72 in Burmese

8:72 Surah Al-Anfal ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 72 - الأنفَال - Page - Juz 10

﴿إِنَّ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ وَٱلَّذِينَ ءَامَنُواْ وَلَمۡ يُهَاجِرُواْ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَيۡءٍ حَتَّىٰ يُهَاجِرُواْۚ وَإِنِ ٱسۡتَنصَرُوكُمۡ فِي ٱلدِّينِ فَعَلَيۡكُمُ ٱلنَّصۡرُ إِلَّا عَلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ﴾
[الأنفَال: 72]

ဧကန်ပင်၊ ယုံကြည်သူများ၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲ နိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပစ္စည်းပိုင်ဆိုင်မှုများဖြင့် နေရပ်စွန့်၍ ရွှေ့ပြောင်းသွားသူများနှင့်စွမ်းစွမ်းတမံ ရုန်းကန် လှုပ်ရှားသူများ၊ (ရွှေ့ပြောင်းလာသူများအား) ခိုလှုံစရာနေရာထိုင်ခင်းများ စီစဉ်ပေးပြီး သူတို့ကိုကူညီစောင်မ ကြသည့်သူများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး မဟာမိတ်၊ မိတ်ဆွေအရင်းအချာများနှင့် ကာကွယ်စောင့်ရှောက်သူများဖြစ်ကြသည်။ သို့သော် နေရပ်စွန့်၍ ရွှေ့ပြောင်းသွားခြင်းမရှိသော ယုံကြည်သူတို့သည် (သူတို့အ သက်စည်းစိမ်များဖြင့် အရှင့်လမ်းတော်၌ ရုန်းကန်ရန်) နေရပ်စွန့်ခွါ၍ မရွှေ့ပြောင်းသမျှကာလပတ်လုံး သူတို့၏ မည်သည့်ကာကွယ်စောင့်ရှောက်မှုအတွက်မျှ သင်တို့အပေါ်၍ တာဝန်မရှိပေ။ သို့ရာတွင် အကယ်၍ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) နှင့်စပ်လျဉ်း၍ သူတို့က သင်တို့ထံ အကူအညီတောင်းခံကြလျှင် သင်တို့နှင့်သူတို့ကြားတွင် မဟာမိတ်ပဋိညာဉ် ချုပ်ဆိုထားသော လူမျိုးတို့အား ဆန့်ကျင်ခြင်းမှအပ သူတို့အား ရိုင်းပင်းကူညီရန် သင်တို့အပေါ်၌ တာဝန်ရှိ၏။ (နှလုံးသွင်းလော့) အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن الذين آمنوا وهاجروا وجاهدوا بأموالهم وأنفسهم في سبيل الله والذين آووا, باللغة البورمية

﴿إن الذين آمنوا وهاجروا وجاهدوا بأموالهم وأنفسهم في سبيل الله والذين آووا﴾ [الأنفَال: 72]

Ba Sein
၇၂။ မှတ်သားကြလော့။ ယုံကြည်လျက် မိမိတို့အိုးအိမ်များမှ ထွက်ပြေးပြီးလျှင် မိမိတို့ဥစ္စာပစ္စဝည်း အသက်များအားဖြင့် အလ္လာဟ်အသျှင်မြတ်ဘက်တော်၌ ကြိုးပမ်းအားထုတ်သောသူများ ထို အာဇာနည်တို့ကိုလက်ခံ၍ ကူညီရိုင်င်းပင်းကြသောသူများ ဤသူတို့သည် အချင်းချင်း စောင့်ရှောက် ကြသော အဆွေခင်ပွန်းများဖြစ်ကြ၏။ အကြင်သူတို့သည် ယုံကြည်ကြ၏။ သို့သော် မိမိတို့အိုးအိမ် များကို စွန့်ပစ်ထွက်ပြေးမလာကြ။ ထိုသူတို့သည် မိမိတို့အိမ်မှ ထွက်ပြေးမလာသည့်ကာလပတ်လုံး သင်၌ သူတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်မရှိပေ။ သူတို့သည် သင့်အား ဘာသာရေးတွင် ကူညီရန်တောင်းပန်လျှင် သင်၌ သူတို့ကို စောင်မရမည့်တာဝန်ရှိ၏။ သို့သော် သင်တို့နှင့် မဟာမိတ် စာချုပ် ချုပ်ထားသောသူတို့နှင့် ဆန့်ကျင်သော အကူအညီကို မပေးရပေ။ အလ္လာဟ်အသျှင်မြတ် သည် သင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်တော်မူသောအသျှင်တည်း။
Ghazi Mohammad Hashim
ဧကန်စင်စစ် အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ)’ဟစ်ဂျ်ရတ်’ ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် ‘မုဟာဂျီရီန်’မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။(ထိုသူတို့သည် ‘အန်ဆွာရ်’မည်၏)။ ထိုသူတို့ကား အချင်းချင်းတစ်ဦးသည်တစ်ဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကားေ သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် ‘ဟစ်ဂျ်ရတ်’ (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံးအသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ။ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် ‘ဒီန်’ သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှအကူအညီရလိုကြပါလျှင် အသင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတစ်ပါးအခြားလူမျိုး နှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန်အသင်တို့၌ တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် အကြင်သူများသည် ခိုကိုးရန်‌နေရာများ‌ပေးခဲ့ကြသည်။ ထို့ပြင် အကြင်သူများကမူ ရိုင်းပင်းကူညီခဲ့ကြသည်။ ထိုသူများသည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏ အ‌မွေစားအ‌မွေခံများပင် ဖြစ်ကြသည်။ ထို့ပြင် အကြင်သူများကမူ ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုခဲ့ကြ‌ပေ။ ထိုသူများသည် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုသမျှကာလပတ်လုံး အသင်တို့အတွက် သူတို့၏ အ‌မွေဆက်ခံခြင်းသည် မည်သည့်အရာတစ်ခုမျှ မရှိ‌ပေ။* ထို့ပြင် အကယ်၍ သူတို့သည် ဒီန်သာသနာ‌ရေးနှင့်ပတ်သက်၍ အသင်တို့ထံမှ အကူအညီ ‌တောင်းခံကြသည်ဆိုလျှင် အသင်တို့နှင့် ကတိစာချုပ် ချုပ်ဆိုထား‌သော လူမျိုးမှလွဲ၍ အခြားလူမျိုးနှင့် ဆန့်ကျင်ပြီး ကူညီရိုင်းပင်ရန် အသင်တို့၌ တာဝန်ရှိသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek