×

(အရှင်မြတ်ကို) ယုံကြည်ကြပြီး (ထိုယုံကြည်မှုကြောင့် ဖိနှိပ်ညှင်းပန်းခံရလျက်) နေရပ်စွန့်၍ ရွှေ့ပြောင်းကြရသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ 9:20 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:20) ayat 20 in Burmese

9:20 Surah At-Taubah ayat 20 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 20 - التوبَة - Page - Juz 10

﴿ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ أَعۡظَمُ دَرَجَةً عِندَ ٱللَّهِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ ﴾
[التوبَة: 20]

(အရှင်မြတ်ကို) ယုံကြည်ကြပြီး (ထိုယုံကြည်မှုကြောင့် ဖိနှိပ်ညှင်းပန်းခံရလျက်) နေရပ်စွန့်၍ ရွှေ့ပြောင်းကြရသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့် စည်းစိမ်ပိုင်ဆိုင်မှုတို့ဖြင့် အလ္လာဟ်အရှင် မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြသူတို့သည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အဆင့်အတန်းအမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုသူတို့သည်ပင် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌) အောင်မြင်မှုဆွတ်ခူးသူများဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: الذين آمنوا وهاجروا وجاهدوا في سبيل الله بأموالهم وأنفسهم أعظم درجة عند, باللغة البورمية

﴿الذين آمنوا وهاجروا وجاهدوا في سبيل الله بأموالهم وأنفسهم أعظم درجة عند﴾ [التوبَة: 20]

Ba Sein
၂ဝ။ အကြင်သူတို့သည် ယုံကြည်ကြ၏။မိမိတို့အိုးအိမ်များကို စွန့်ပစ်ထွက်ပြေး၍ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စည်းစိမ်ဥစ္စာအားဖြင့် ကြိုးပမ်းကြ၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ မျက်မှောက်တော်၌ သာလွန်မြင့်မြတ်အဘိုးတန်ကြ၏။ဤလူများသည် အောင်မြင်သူတို့ဖြစ်ကြ၏။
Ghazi Mohammad Hashim
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ်‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် ရင်းပြီး စစ်တိုက်ခဲ့ကြသည်။ (သူတို့သည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆင့်အတန်း အလွန်မြင့်သည့်အပြင် သူတို့သာ ‌အောင်မြင်မှုကို ရရှိသူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek