×

အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မယုံကြည်ကြရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့က တရားမဝင်အဖြစ် ပြဋ္ဌာန်းထားသော အရာများကိုလည်း တရားမဝင် အဖြစ် မှတ်ယူကြသည့်သူများနှင့်ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များအနက်မှ 9:29 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:29) ayat 29 in Burmese

9:29 Surah At-Taubah ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 29 - التوبَة - Page - Juz 10

﴿قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٖ وَهُمۡ صَٰغِرُونَ ﴾
[التوبَة: 29]

အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မယုံကြည်ကြရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့က တရားမဝင်အဖြစ် ပြဋ္ဌာန်းထားသော အရာများကိုလည်း တရားမဝင် အဖြစ် မှတ်ယူကြသည့်သူများနှင့်ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များအနက်မှ အမှန်တရားသစ္စာ ပေါ်အခြေခံသည့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ယုံကြည်လက်ခံ၍ လိုက်နာကျင့်သုံးခြင်း မရှိကြသူတို့အား သူတို့သည် လက်အောက်ငယ်သားများ ဖြစ်ကြသောကြောင့် (နိုင်ငံတော်အား) သူတို့၏လုံခြုံမှုကို တာဝန်ယူခြင်းနှင့်စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပေးခြင်းအတွက်) ဂျဇီယာမည်သော အခွန်ကောက်ကို သူတို့၏စိတ်ဆန္ဒအလျောက် ကြည်ဖြူစွာ မပေး ဆောင်သမျှကာလပတ်လုံး သူတို့ကို တိုက်ခိုက်ကြလော့။

❮ Previous Next ❯

ترجمة: قاتلوا الذين لا يؤمنون بالله ولا باليوم الآخر ولا يحرمون ما حرم, باللغة البورمية

﴿قاتلوا الذين لا يؤمنون بالله ولا باليوم الآخر ولا يحرمون ما حرم﴾ [التوبَة: 29]

Ba Sein
၂၉။ ရှေးကျမ်းတော်များကို ရရှိသူတို့အနက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီး ကို မယုံကြည်၊ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အားဖြင့် တရားမဝင်ဟု ပြဋ္ဌာန်းထားတော်မူသော အရာဝထ္ထုများကိုလည်း မတားမြစ်၊ သစ္စာတရားတော်ကိုလည်း မဆည်းကပ်မလိုက်နာကြ။ထိုသူတို့ကို ၎င်းတို့ အရေးနိမ့်၍ ရှိခိုးလက်ဆောင်လွယ်လင့်တကူပေးသည့်လက်အောက်ငယ်သားဘဝသို့ ရောက်သည့်တိုင်အောင် တိုက်ခိုက်ကြလော့။
Ghazi Mohammad Hashim
(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့)အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို(မိမိတို့၏)လက်ဖြင့် အောက်ကြို့၍ လူခွန်တော်ကိုကြည်ဖြူစွာဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလည်း ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊’ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသောအရာများကို’ဟရာမ်’ တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်)သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။(ရကူ)
Hashim Tin Myint
အသင်တို့သည် အကြင်သူများအား တိုက်ခိုက်ကြပါ၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြ‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ဟရာမ်ဟု တားမြစ်ထား‌တော်မူ‌သောအရာများကို ဟရာမ်ဟု မယူဆကြ‌ပေ။ ၎င်းပြင် ထိုသူများသည် မှန်ကန်‌သော (အစ္စလာမ်)သာသနာကိုလည်း ယုံကြည်လက်ခံခြင်း မရှိကြ‌ပေ။ ထိုသူများသည် ကျမ်းရသူများထဲမှဖြစ်ပြီး သူတို့လက်နှင့် သူတို့ ‌အောက်ကျို့လျက် ကြည်ဖြူစွာ အခွန်မ‌ဆောင်သမျှ (သူတို့အား တိုက်ခိုက်ကြပါ)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek