×

သို့ဖြစ်ပေရာ သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများသည် သင့်အား သဘောကျ စွဲမက်စရာ မဖြစ်စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့အားဖြင့် သူတို့အား ဤလောကီဘဝသက်တမ်း၌ပင် ဒဏ်ခတ်အရေးယူတော်မူရန် ရည်ရွယ်တော်မူပြီး 9:55 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:55) ayat 55 in Burmese

9:55 Surah At-Taubah ayat 55 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 55 - التوبَة - Page - Juz 10

﴿فَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ ﴾
[التوبَة: 55]

သို့ဖြစ်ပေရာ သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများသည် သင့်အား သဘောကျ စွဲမက်စရာ မဖြစ်စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့အားဖြင့် သူတို့အား ဤလောကီဘဝသက်တမ်း၌ပင် ဒဏ်ခတ်အရေးယူတော်မူရန် ရည်ရွယ်တော်မူပြီး သူတို့သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူများအဖြစ်ပင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင် ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (သူတို့ကိုယ်တိုင်ဖျက်ဆီးစေခြင်းဖြင့်) ဘဝကူးပြောင်းစေတော်မူမည်။

❮ Previous Next ❯

ترجمة: فلا تعجبك أموالهم ولا أولادهم إنما يريد الله ليعذبهم بها في الحياة, باللغة البورمية

﴿فلا تعجبك أموالهم ولا أولادهم إنما يريد الله ليعذبهم بها في الحياة﴾ [التوبَة: 55]

Ba Sein
<၅၅။ အို-မိုဟမ္မဒ်၊ ထို့ကြောင့် သူတို့၏ ဥစ္စာပစ္စည်းသော်လည်းကောင်း၊ သားသမီးအေြ>ွခအရံသည်သော်လည်းကောင်း၊ သင့်အား မနှစ်သက်စေလင့်၊ အလ္လာဟ်သည် ၎င်းတို့အားဖြင့် သူတို့အား ဤလောက၌ ဒဏ်ပေးတော်မူရန်ကိုသာ ရည်ရွယ်တော်မူ၏။သူတို့အား မိစ္ဆာဒိဋ္ဌိဘဝတွင် ကံကုန်စေတော်မူရန်ကိုလည်း ရည်ရွယ်တော်မူ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ထို(မုနာဖစ်က်) တို့၏ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီး များသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့်၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော်မူလေသတည်း။
Hashim Tin Myint
သို့ဖြစ်ရာ ထို(မုနာဖိက်)များ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် အသင့်အား* အံ့အားမသင့်ပါ‌စေနှင့်။* အလ္လာဟ်အရှင်မြတ်သည် ထိုပစ္စည်း၊ သားသမီးများနှင့် သူတို့ကို ‌လောကီဘဝတွင် ပြစ်ဒဏ်‌ပေးရန်နှင့် သူတို့သည် ကာဖိရ်ဖြစ်လျက် သူတို့၏အသက်များထွက်သွားရန် ရည်ရွယ်‌တော်မူခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek