Quran with Burmese translation - Surah At-Taubah ayat 54 - التوبَة - Page - Juz 10
﴿وَمَا مَنَعَهُمۡ أَن تُقۡبَلَ مِنۡهُمۡ نَفَقَٰتُهُمۡ إِلَّآ أَنَّهُمۡ كَفَرُواْ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأۡتُونَ ٱلصَّلَوٰةَ إِلَّا وَهُمۡ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمۡ كَٰرِهُونَ ﴾
[التوبَة: 54]
﴿وما منعهم أن تقبل منهم نفقاتهم إلا أنهم كفروا بالله وبرسوله ولا﴾ [التوبَة: 54]
Ba Sein ၅၄။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို မယုံကြည်ခြင်းမှတပါး အခြားအကြောင်း တစ်စုံတစ်ခုမှ သူတို့၏ အလှုကို လက်မခံစေသည်မဟုတ်ပေ။သူတို့သည် ပျင်းရိသူများကဲ့သို့မှတပါး အခြားသူ များကဲ့သို့ သူတို့ဆွလတ်ဝတ်ပြုရန် မလာကြပေ။သူတို့သည် အလှုကိုလည်း မပေးချင်ပေးချင်၊ ပေးကြ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှုပစ္စည်းများကို သဘောတူလက်ခံတော် မူခြင်းမှအလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် 4င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ်ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတစ်ပါး လှူဒါန်းသုံးစွဲကြသည်လည်း မရှိပေ။ |
Hashim Tin Myint ထို့ပြင် ထိုသူများထံမှ သူတို့၏အလှူပစ္စည်းများကို လက်ခံတော်မူရန် (မည်သည့်အရာကမှ) တားမြစ်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်အား အမှန်ပင် သူတို့သည် သွေဖည်ခဲ့ကြသည်ကပင် (တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ပျင်းရိလျက် ဆောက်တည်ကြရုံသာမက လှူဒါန်းမှုကိုလည်း မနှစ်မြို့ဘဲလျက် ပြုလုပ်ကြသည်။ |