×

အယောင်ဆောင်သီလကြောင်တို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ (အချင်းချင်း) တစ်မျိုးတစ်စားတည်းပင် ဖြစ်၏။ သူတို့သည် (စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှု အကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် 9:67 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:67) ayat 67 in Burmese

9:67 Surah At-Taubah ayat 67 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 67 - التوبَة - Page - Juz 10

﴿ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ بَعۡضُهُم مِّنۢ بَعۡضٖۚ يَأۡمُرُونَ بِٱلۡمُنكَرِ وَيَنۡهَوۡنَ عَنِ ٱلۡمَعۡرُوفِ وَيَقۡبِضُونَ أَيۡدِيَهُمۡۚ نَسُواْ ٱللَّهَ فَنَسِيَهُمۡۚ إِنَّ ٱلۡمُنَٰفِقِينَ هُمُ ٱلۡفَٰسِقُونَ ﴾
[التوبَة: 67]

အယောင်ဆောင်သီလကြောင်တို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ (အချင်းချင်း) တစ်မျိုးတစ်စားတည်းပင် ဖြစ်၏။ သူတို့သည် (စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှု အကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် အမိန့်ပေးညွှန်ကြားပြီး တရားတော်အညီ ပြုလုပ်သော ကောင်းမှုကုသိုလ်များမှ တားမြစ်ပိတ်ပင်ကြရုံမက သူတို့၏လက်များကိုလည်း (ကောင်းမှုကုသိုလ်လုပ်ခြင်းနှင့် အရှင့်လမ်းစဉ်တော်၌ ပေးကမ်းလှူဒါန်းခြင်းမှ) ချုပ်တည်းဆုပ်ထားကြလေ၏။ သူတို့သည် (ယုံကြည်မှုသစ္စာ တရား၊ ခဝပ်နာခံကိုးကွယ်မှုနှင့်အရှင့်လမ်းစဉ်တော်၌ အမှုထမ်းဆောင်ခြင်းတို့ကို လျစ်လျူရှုလျက်) အလ္လာဟ်အ ရှင်မြတ်ကို (သတိမမူဘဲ) ပေ့ပစ်ထားသောကြောင့် အလ္လာဟ်အရှင်မြတ်ကလည်း (ဆုလဒ်များ ချီးမြှင့်တော် မူခြင်းမှ) သူတို့ကို မေ့ပစ်ထားတော်မူ၏။ ဧကန်ပင်၊ အယောင်ဆောင်သီလကြောင်များသည် အရှင်မြတ်၏စည်း မျဉ်းတော်များကို အာခံဖီဆန်သူ (ယုတ်မာသူ) များပင် ဖြစ်ကြသည်။

❮ Previous Next ❯

ترجمة: المنافقون والمنافقات بعضهم من بعض يأمرون بالمنكر وينهون عن المعروف ويقبضون أيديهم, باللغة البورمية

﴿المنافقون والمنافقات بعضهم من بعض يأمرون بالمنكر وينهون عن المعروف ويقبضون أيديهم﴾ [التوبَة: 67]

Ba Sein
၆၇။ ယုံကြည်ဟန်ဆောင်သူယောက်ျားမိန်းမတို့သည် တစ်ဦးနှင့်တစ်ဦးဆက်စပ်လျက်ရှိကြ၏။သူတို့သည် မကောင်းမှု ကို တိုက်တွန်းကြ၏။ကောင်းမှုကို ပိတ်ပင်တားမြစ်ကြ၏။မလှုပဲ လက်ကို ဆုပ်ထားကြ၏။အလ္လာဟ်အရှင်မြတ် ကို သတိမရ မေ့လျော့ကြ၏။ထို့ကြောင့်အရှင်မြတ်လည်း သူတို့ကို မေ့လျော့တော်မူ၏။မှတ်သားကြလော့၊ ယုံကြည်ဟန်ဆောင်သူတို့သည် တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။
Ghazi Mohammad Hashim
‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမတို့သည် တစ်မျိုးတစ်စားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ထိုမှတစ်ပါး ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ထိုအရှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က်’မုစ်လင်မ်အယောင်ဆောင်’တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
Hashim Tin Myint
မွတ်စ်လင်မ်အ‌ယောင်‌ဆောင် ‌ယောက်ျားများနှင့် အ‌ယောင်‌ဆောင်မိန်းမများမှာမူ ၎င်းတို့၏အချို့သည် အချို့ထဲမှပင်ဖြစ်ကြသည်(တစ်မျိုးတည်းပင်ဖြစ်ကြသည်)။ သူတို့သည် စက်ဆုပ်ဖွယ်ရာများကို အမိန့်‌ပေးကြပြီး ‌ကောင်းမှုများမှ တားဆီးကြသည်။ ၎င်းပြင် သူတို့သည် (အရှင်မြတ်၏လမ်းတွင် မသုံးစွဲဘဲ)သူတို့၏လက်များကို ဆုပ်ထားကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌မေ့‌လျော့ခဲ့သည့်အတွက် အရှင်မြတ်ကလည်း သူတို့ကို ‌မေ့‌တော်မူထားလိုက်ခဲ့သည်။* အမှန်စင်စစ် မုနာဖိက်များသည် အမိန့်ကို ‌သွေဖည်ငြင်းပယ်သူများပင် ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek