Quran with Burmese translation - Surah At-Taubah ayat 66 - التوبَة - Page - Juz 10
﴿لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡۚ إِن نَّعۡفُ عَن طَآئِفَةٖ مِّنكُمۡ نُعَذِّبۡ طَآئِفَةَۢ بِأَنَّهُمۡ كَانُواْ مُجۡرِمِينَ ﴾
[التوبَة: 66]
﴿لا تعتذروا قد كفرتم بعد إيمانكم إن نعف عن طائفة منكم نعذب﴾ [التوبَة: 66]
Ba Sein ၆၆။ ဆင်ခြေမပေးကြလင့်၊ သင်တို့သည် ယုံကြည်ပါသည်ဟု ဝန်ခံပြောဆိုပြီးနောက်၊ မယုံကြည်ကြပေ။ငါအရှင်မြတ် သည် သင်တို့အနက် လူတစ်စုကို အပြစ်လွှတ်တော်မူလျှင် အခြားတစ်စုကို ၎င်းတို့၌ အပြစ်ရှိသောကြောင့် အပြစ်ဒဏ်ပေးတော်မူမည်။ |
Ghazi Mohammad Hashim အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ) |
Hashim Tin Myint အသင်တို့သည် အကြောင်းမပြကြလေနှင့်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့ အီမာန်ယုံကြည်(သည်ကို ထုတ်ဖော်ပြောဆို)ပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည်။ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့ထဲမှ လူတစ်စုကို ခွင့်လွှတ်တော်မူလျှင်လည်း အခြားလူတစ်စုကိုမူ အမှန်စင်စစ် သူတို့သည် ပြစ်မှုထင်ရှားသောသူများဖြစ်ခြင်းကြောင့် ပြစ်ဒဏ်ပေးတော်မူပင်ဖြစ်သည်။ |