×

(ဧကန်ပင်၊ သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက် စစ်ချီထွက်ခြင်းအား မလိုလားကြချေ။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ရန်နှင့် အရှင့်ရစူလ်တမန်တော်နှင့်အတူ (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ 9:86 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:86) ayat 86 in Burmese

9:86 Surah At-Taubah ayat 86 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 86 - التوبَة - Page - Juz 10

﴿وَإِذَآ أُنزِلَتۡ سُورَةٌ أَنۡ ءَامِنُواْ بِٱللَّهِ وَجَٰهِدُواْ مَعَ رَسُولِهِ ٱسۡتَـٔۡذَنَكَ أُوْلُواْ ٱلطَّوۡلِ مِنۡهُمۡ وَقَالُواْ ذَرۡنَا نَكُن مَّعَ ٱلۡقَٰعِدِينَ ﴾
[التوبَة: 86]

(ဧကန်ပင်၊ သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက် စစ်ချီထွက်ခြင်းအား မလိုလားကြချေ။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ရန်နှင့် အရှင့်ရစူလ်တမန်တော်နှင့်အတူ (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြရန် (အမိန့်ညွှန်ကြားချက်များပါရှိသည့်) စူရာဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသည့်အခါတိုင်း သူတို့အနက်မှ ပြည့်စုံကြွယ်ဝသူတို့က (စစ်ပွဲတွင် ပါဝင်နိုင်စွမ်းရှိ ပါလျက် ဆင်ခြေပေးသည့်အနေဖြင့်) “ကျွန်ုပ်တို့အား (စစ်ပွဲတွင်မပါဝင်ဘဲ) ငုတ်တုတ်ထိုင်နေကြသူတို့နှင့်အတူ နေရစ်ခွင့်ပေးပါ” ဟု လျှောက်တင်လျက် အသင် (တမန်တော်) ထံ ကင်းလွတ်ခွင့်တောင်းခံကြ၏။

❮ Previous Next ❯

ترجمة: وإذا أنـزلت سورة أن آمنوا بالله وجاهدوا مع رسوله استأذنك أولو الطول, باللغة البورمية

﴿وإذا أنـزلت سورة أن آمنوا بالله وجاهدوا مع رسوله استأذنك أولو الطول﴾ [التوبَة: 86]

Ba Sein
၈၆။ အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ အရှင်မြတ်၏ တမန်တော်နှင့်အတူတကွကြိုးစားအားထုတ်ကြလော့ဟု စူရာဟ်တစ်စောင်ကို ချပေးတော်မူသောအခါ သူတို့အနက် ဥစ္စာပစ္စည်းပေါများသူတို့သည် အို-တမန်တော်သခင်၊ အကျွန်ုပ်တို့အား အိမ်တွင် ထိုင်ကျန်ရစ်သူများနှင့်တကွ နေခွင့်ပေးပါဟုဆို၍ သင့်ထံ အခွင့်တောင်းကြသေး၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံကြည်သည့်ပြင်ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန် ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတစ်ခုခုသည် ကျရောက်လာသောအခါ၊၎င်းတို့ အနက်မှ ဥစ္စာဓနကြွယ်ဝသောသူများကပင်လျှင်ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့သည် ထိုင်၍နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရစေ ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြ ကုန်သတည်း။
Hashim Tin Myint
ထို့ပြင် စူရဟ်ကဏ္ဍ တစ်စုံတစ်ခု* ကျ‌ရောက်လာ‌သောအခါ၊ ထိုကဏ္ဍထဲ၌ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အီမာန်ယုံကြည်ကြပါ၊ ၎င်း‌နောက် အသင်တို့သည် အရှင့်တမန်‌တော်နှင့် အတူတကွ ဂျိဟာဒ် တိုက်ခိုက်ကြပါ“ဟု ပါရှိ‌သောအခါ၊ သူတို့ထဲမှ ကြွယ်ဝချမ်းသာသူများကပင် “ကျွန်ုပ်တို့အား ခွင့်ပြုပါ၊ ကျွန်ုပ်တို့သည် ထိုင်‌နေခဲ့‌သောသူများနှင့်အတူ ‌နေရစ်ခဲ့ကြပါရ‌စေ“ဟု အသင်၏ထံ၌ ‌ပြောဆိုခွင့်ပန်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek