Quran with Burmese translation - Surah Ash-Shams ayat 13 - الشَّمس - Page - Juz 30
﴿فَقَالَ لَهُمۡ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقۡيَٰهَا ﴾
[الشَّمس: 13]
﴿فقال لهم رسول الله ناقة الله وسقياها﴾ [الشَّمس: 13]
Ba Sein ၁၃။ အလ္လာဟ်၏ တမန်တော်က သူတို့အား အချင်းတို့၊ ဤကုလားအုတ်မသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော် ဖြစ်၏၊ ၄င်းကို ရေမသောက်စေခြင်းငှာ ပိတ်ပင်တားဆီးခြင်း မပြုလုပ်ကြလင့်ဟု မိန့်တော်မူ၏။ |
Ghazi Mohammad Hashim ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။ |
Hashim Tin Myint သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်က သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မကို(သတ်ဖြတ်ခြင်းမှ)သာမကသူရေသောက်ခြင်းကို(တားမြစ်ခြင်းမှ)လည်း(ရှောင်ကြဉ်ကြပါ”ဟု)ပြောဆိုခဲ့သည်။ |