Quran with Burmese translation - Surah Yunus ayat 3 - يُونس - Page - Juz 11
﴿إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُدَبِّرُ ٱلۡأَمۡرَۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعۡدِ إِذۡنِهِۦۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ فَٱعۡبُدُوهُۚ أَفَلَا تَذَكَّرُونَ ﴾
[يُونس: 3]
﴿إن ربكم الله الذي خلق السموات والأرض في ستة أيام ثم استوى﴾ [يُونس: 3]
Ba Sein ၃။ မှတ်သားကြလော့။ သင်တို့၏ အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခြောက်ရက်အချိန်ကာလ အတွင်း ဖန်ဆင်းတော်မူ၏။ ထို့နောက်ရာဇပလ္လင်တော်ကြီးပေါ်တွင် စိုးစံ၍ ခပ်သိမ်းကုန်အပေါင်းတို့ကို ညွှန်ကြား အုပ်စိုးတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ အခွင့်တော်မရှိပဲ ရှေ့တော်ဝယ် သူတပါးကို တောင်းပန်ကယ်နှုတ်သူ မရှိပေ။ ဤအရှင်သည် သင်တို့၏ အရှင်သခင် အလ္လာဟ်အရှင်ဖြစ်တော်မူ၏၊ ထို့ကြောင့် အရှင်မြတ်အား ကိုးကွယ်ကြလော့။ သင်တို့အသိတရားရကြမည်မဟုတ်လော။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့ လေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရ်ှ ပလ္လင်တော်ထက်၌ တည်နေတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်ပင်အမှုကိစ္စ အရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ မည်သူမဆိုထိုအရှင်မြတ် ခွင့်ပြုတော်မူပြီးမှသာလျှင် ကြားဝင်အသနားခံပေးနိုင်မည်ဖြစ်၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အားဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ်အရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ သို့ပါလျက် အသင်တို့သည်သတိတရား မရရှိကြသေးသလော။ |
Hashim Tin Myint အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ခြောက်ရက်(နှင့် ညီမျှသောအချိန်)ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်အပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်တော်မူသည့်အတိုင်း စံမြန်း)နေတော်မူသည်။ အရှင်မြတ်သည်ပင် အမှုကိစ္စအားလုံးကို စီမံခန့်ခွဲတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူပြီးမှပင် ကြားဝင် အသနားခံနိုင်မည်ဖြစ်သည်။* အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ပင်ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသေးသလော။ |