×

သင်တို့အားလုံး၏နောက်ဆုံးဦးတည်ရာ (စုရုံးရာ) မှာ ထိုအရှင်မြတ်ထံသို့သာ ဖြစ်ရခြင်းသည် အလ္လာဟ်အရှင်မြတ်၏တိကျမှန်ကန်ပြတ်သားသော (ပြဋ္ဌာန်းပြီးဖြစ်သော) ကတိတော်ပင်ဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားအပါအဝင် သက်ရှိသက်မဲ့၊ 10:4 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:4) ayat 4 in Burmese

10:4 Surah Yunus ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 4 - يُونس - Page - Juz 11

﴿إِلَيۡهِ مَرۡجِعُكُمۡ جَمِيعٗاۖ وَعۡدَ ٱللَّهِ حَقًّاۚ إِنَّهُۥ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ بِٱلۡقِسۡطِۚ وَٱلَّذِينَ كَفَرُواْ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ﴾
[يُونس: 4]

သင်တို့အားလုံး၏နောက်ဆုံးဦးတည်ရာ (စုရုံးရာ) မှာ ထိုအရှင်မြတ်ထံသို့သာ ဖြစ်ရခြင်းသည် အလ္လာဟ်အရှင်မြတ်၏တိကျမှန်ကန်ပြတ်သားသော (ပြဋ္ဌာန်းပြီးဖြစ်သော) ကတိတော်ပင်ဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားအပါအဝင် သက်ရှိသက်မဲ့၊ အရာခပ်သိမ်းစသော) ဖြစ်တည်မှု အလုံးစုံ၏မူလအစ အရင်းအမြစ်တို့ကို ဖွဲ့စည်းဖြစ်ပေါ်မှုကို စတင်ဖြစ်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် (လောကီကမ္ဘာတွင် သက်ရှိသက်မဲ့ ကွယ်လွန်သေဆုံးပျက်စီးသွားကြသော်လည်း လူသားကိုမူကား) အရှင်မြတ်ကို ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောကောင်းမှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်ကြသူတို့အား အ ကျိုးဆုလဒ်များကို မျှမျှတတ ချီးမြှင့်တော်မူရန်အလို့ငှာ အသစ်တဖန်ပြန်လည် ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့မူကား သူတို့အတွက် အလွန်ဆူပွက်သောအရည်မှသောက်စရာနှင့်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်ကို သူတို့၏မယုံကြည်ငြင်းဆန်မှုကြောင့် ဆိုးကျိုးဆက်အဖြစ် ထားရှိတော်မူ၏။

❮ Previous Next ❯

ترجمة: إليه مرجعكم جميعا وعد الله حقا إنه يبدأ الخلق ثم يعيده ليجزي, باللغة البورمية

﴿إليه مرجعكم جميعا وعد الله حقا إنه يبدأ الخلق ثم يعيده ليجزي﴾ [يُونس: 4]

Ba Sein
၄။ အရှင်မြတ်ထံတော်သို့ သင်တို့အားလုံးပြန်ရကြလိမ့်မည်။ ဤအချင်းအရာ သည် အလ္လာဟ်အရှင်မြတ်ထားတော် မူသော ကတိတော်အမှန်ပင်ဖြစ်သည်။ မှတ်သားကြလော့။ အရှင်မြတ်သည် ဖန်ဆင်းစီရင်တော်မူ၏။ ယုံကြည် လျက် ကုသိုလ်ကောင်းမှုများကို ပြုကျင့်သောသူတို့အား တရားမျှတစွာဆုပေးသနားတော်မူဖို့ရာ ထပ်မံဖန်ဆင်း စီရင်တော်မူ၏။ မိစ္ဆာဒိဋ္ဌိတို့မှာမူကား သူတို့အတွက် သူတို့၏ မိစ္ဆာအယူဝါဒကြောင့် ကျွက်ကျွက်ဆူနေသော ရေနှင့် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ရှိမည်။
Ghazi Mohammad Hashim
ထိုအရှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြမည်ဖြစ်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ မှန်ကန်စွာကတိပြုတော်မူခြင်းပင်ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင်ဖန်ဆင်း ခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင်ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ် သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကိုဆောက်တည်ကြသောသူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်း တို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။
Hashim Tin Myint
အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အရှင်မြတ်ထံ‌တော်သို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြုထား‌တော်မူသည်။ အမှန်စင်စစ် ထိုအရှင်မြတ်ပင် အဖန်ဆင်းခံများအား ပထမအကြိမ်ကလည်း စတင်ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံများအား ‌နောက်တစ်ကြိမ်ပြန်ပြီး ဖန်ဆင်း‌တော်မူဦးမည်ဖြစ်သည်။ (ထိုသို့ပြန်ပြီး ဖန်ဆင်း‌တော်မူရခြင်းမှာ)အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်‌သောသူများအား မျှတစွာ အကျိုး‌ပေးရန်အတွက်ဖြစ်သည်။* ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ သူတို့သည် ငြင်းပယ်‌နေခဲ့ခြင်း‌ကြောင့် သူတို့အတွက် အလွန်ဆူပွက်‌နေ‌သော ‌သောက်စရာ(‌ရေပူ)နှင့် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ရှိလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek