﴿أَكَانَ لِلنَّاسِ عَجَبًا أَنۡ أَوۡحَيۡنَآ إِلَىٰ رَجُلٖ مِّنۡهُمۡ أَنۡ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓاْ أَنَّ لَهُمۡ قَدَمَ صِدۡقٍ عِندَ رَبِّهِمۡۗ قَالَ ٱلۡكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٞ مُّبِينٌ ﴾
[يُونس: 2]
ငါအရှင်မြတ်သည် “လူသားတို့အား (သူတို့ကျင့်သုံးနေသည့် လမ်းစဉ်များ၏အကျိုးဆက်မှာ ဆိုးဝါး ကြောင်းနှင့်အရှင့်လမ်းစဉ်တော်သာ အကောင်းဆုံး ဖြစ်ကြောင်းကို) သတိပေးနှိုးဆော်ရန်နှင့်ယုံကြည်သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (စိတ်စေတနာဖြူစင်သော ယုံကြည်မှု၊ သစ္စာရှိမှုနှင့်ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များ၏အကျိုးဆက်အဖြစ်) ဖြောင့် မတ်မှန်ကန်သောရပ်တည်ချက်နှင့်အညီ ဂုဏ်သိက္ခာရှိသော အဆင့်အတန်းများရှိကြောင်းကို သတင်းကောင်းပါး စေတော်မူရန်” သူတို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးထံ အမိန့်တော်များထုတ်ပြန်ပို့ချတော်မူခြင်းမှာ လူသားတို့အတွက် “ထူးဆန်းအံ့ဩဖွယ်ရာတစ်ခု” ဖြစ်နေသလော။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ် သူတို့ သည်ကား၊ ဧကန်ပင်၊ ဤ (ပုဂ္ဂိုလ်) သည် ကျွမ်းကျင်ထင်ရှားသော မှော်ဆရာစစ်စစ်တစ်ဦးသာ ဖြစ်၏။” ဟု ပြောဆိုကြ၏။
ترجمة: أكان للناس عجبا أن أوحينا إلى رجل منهم أن أنذر الناس وبشر, باللغة البورمية
﴿أكان للناس عجبا أن أوحينا إلى رجل منهم أن أنذر الناس وبشر﴾ [يُونس: 2]