×

သို့ဖြစ်ပေရာ (မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ၌ ယုံကြည်လာခြင်းသည် နောင်တမလွန်အတွက် မည်သို့မျှ အကျိုးမရှိသော်လည်း လောကီအကျိုးဆက်အဖြစ်) ယနေ့တွင် ငါအရှင်မြတ်သည် အသင် (ဖါရို) 10:92 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:92) ayat 92 in Burmese

10:92 Surah Yunus ayat 92 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 92 - يُونس - Page - Juz 11

﴿فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةٗۚ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ عَنۡ ءَايَٰتِنَا لَغَٰفِلُونَ ﴾
[يُونس: 92]

သို့ဖြစ်ပေရာ (မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ၌ ယုံကြည်လာခြင်းသည် နောင်တမလွန်အတွက် မည်သို့မျှ အကျိုးမရှိသော်လည်း လောကီအကျိုးဆက်အဖြစ်) ယနေ့တွင် ငါအရှင်မြတ်သည် အသင် (ဖါရို) ရုပ်ကလပ်ကို အသင့်နောက်ပိုင်းတွင် (ဆက်ခံသူများအဖြစ် ရောက်ရှိလာမည့်) နောင်မျိုးဆက်များအတွက် သက်သေလက္ခဏာဖြစ်စေရန်အလို့ငှာ ကယ်ဆယ်ထားတော်မူ၏။ သို့ရာတွင် ဧကန်ပင်၊ လူသားတို့အနက်မှ အများစုသည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အမှန်ပင် အလေးမထားဘဲ (ယင်းတို့၌ ဘဝအတွက် သင်ခန်းစာနှင့်သတိပေးချက်များ ပြည့်နှက်နေကြောင်းကို မသိနားမလည်ဘဲ) လျစ်လျူရှုထားကြ၏။

❮ Previous Next ❯

ترجمة: فاليوم ننجيك ببدنك لتكون لمن خلفك آية وإن كثيرا من الناس عن, باللغة البورمية

﴿فاليوم ننجيك ببدنك لتكون لمن خلفك آية وإن كثيرا من الناس عن﴾ [يُونس: 92]

Ba Sein
၉၂။ သို့သော် နင်သည် နောင်လာနောက်သားတို့အဖို့ သက်သေသာဓကတော်တစ်ပါးဖြစ်စေရန်၊ နင်၏ ကိုယ်ကာယကို ငါအရှင်မြတ်ယခုကယ်ဆယ်တော်မူ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင့်အားအသင်၏ခန္ဓာကိုယ် ရုပ်ကလာပ်နှင့်တကွ အသင်သည် မိမိနောင်လာနောက်သားတို့အဖို့ အထိမ်းအမှတ်၊ လက္ခဏာ၊သံဝေဂရဖွယ်တစ်ရပ် ဖြစ်အံ့သောငှာ ဆယ်တင်ထားတော်မူမည်။ သို့ရာတွင် များစွာသော သူတို့သည် ငါအရှင်မြတ်၏သက်သေ၊ လက္ခဏာတော်များကို လျစ်လျူရှု မေ့ပျောက်၍သွားသောသူများသာ ဖြစ်ကြပေသတည်း။
Hashim Tin Myint
သို့ဖြစ်ရာ (ယ‌နေ့)ငါအရှင်မြတ်သည် အသင့်အား အသင်၏ခန္ဓာကိုယ်ရုပ်ကလာပ်နှင့်တကွ အသင်၏‌နောင်လာ‌နောက်သားများအတွက် (သတိတရားရဖွယ်)အထိမ်းအမှတ် သက်‌သေလက္ခဏာတစ်ခုဖြစ်ရန် ဆယ်တင်ထား‌တော်မူမည်။* ထို့ပြင် အမှန်စင်စစ် လူများထဲမှ အ‌မြောက်အမြားသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို အမှန်ပင် ‌မေ့‌လျော့‌နေသူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek