Quran with Burmese translation - Surah Yunus ayat 91 - يُونس - Page - Juz 11
﴿ءَآلۡـَٰٔنَ وَقَدۡ عَصَيۡتَ قَبۡلُ وَكُنتَ مِنَ ٱلۡمُفۡسِدِينَ ﴾ 
[يُونس: 91]
﴿آلآن وقد عصيت قبل وكنت من المفسدين﴾ [يُونس: 91]
| Ba Sein ၉၁။ ဘာလဲ၊ ယခုမှ ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည် ထောင်ထားခြားနား၍ မတရားပြုကျင့်သူတို့ဘောင် တွင် ပါဝင်ပြီးမှ။ | 
| Ghazi Mohammad Hashim (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။) ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကား အသင်သည် ယခု (မနစ်မြုပ်မီ)အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမက အသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ချေ သတည်း။ | 
| Hashim Tin Myint (အရှင်မြတ်က မိန့်ကြားတော်မူသည်) ယခုမှပင် (ယုံကြည်သလော)၊ အမှန်မှာ အသင်သည် ယခုမတိုင်မီအထိ အမိန့်ဖီဆန်ခဲ့သေးသည်သာမက အသင်သည် ဖျက်ဆီးသောသူများထဲ၌ အပါအဝင်ပင်ဖြစ်ခဲ့သေးသည်။ |