×

ထို့ပြင် ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ကောင်းမွန်သင့်မြတ်သော အခြေချနေ ထိုင်ရာနယ်သစ်တွင် အတည်တကျနေထိုင်နိုင်ရန် နေရာချပေးတော်မူပြီး သန့်ရှင်းကောင်းမွန်သော (ကျန်းမာရေးနှင့်လည်းညီညွတ်သော) အရာများအနက်မှ 10:93 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:93) ayat 93 in Burmese

10:93 Surah Yunus ayat 93 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 93 - يُونس - Page - Juz 11

﴿وَلَقَدۡ بَوَّأۡنَا بَنِيٓ إِسۡرَٰٓءِيلَ مُبَوَّأَ صِدۡقٖ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ فَمَا ٱخۡتَلَفُواْ حَتَّىٰ جَآءَهُمُ ٱلۡعِلۡمُۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴾
[يُونس: 93]

ထို့ပြင် ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ကောင်းမွန်သင့်မြတ်သော အခြေချနေ ထိုင်ရာနယ်သစ်တွင် အတည်တကျနေထိုင်နိုင်ရန် နေရာချပေးတော်မူပြီး သန့်ရှင်းကောင်းမွန်သော (ကျန်းမာရေးနှင့်လည်းညီညွတ်သော) အရာများအနက်မှ စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်းပေးတော်မူခဲ့သော်လည်း (သူတို့လိုက်နာရမည့် လမ်းစဉ်နှင့်ပြုမူဆောင်ရွက်မှုများအတွက် ကြုံတွေ့ရမည့် အကျိုးဆက် များဆိုင်ရာ) အသိပညာသည် သူတို့ထံ ရောက်ရှိလာသည့်အချိန်အထိ သူတို့အချင်းချင်းကြားတွင် သဘောထား ကွဲလွဲခဲ့ကြ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်းကြားတွင် သဘောထားချင်း မတိုက်ဆိုင်၍ ကွဲလွဲနေခဲ့ကြသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ (သူတို့ထဲမှ ကောင်းမှုပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးရန်အတွက်) တမလွန်၌ ရှင်ပြန်ထမြောက်မည့်နေ့တွင် အပြီးသတ် စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: ولقد بوأنا بني إسرائيل مبوأ صدق ورزقناهم من الطيبات فما اختلفوا حتى, باللغة البورمية

﴿ولقد بوأنا بني إسرائيل مبوأ صدق ورزقناهم من الطيبات فما اختلفوا حتى﴾ [يُونس: 93]

Ba Sein
၉၃။ ငါအရှင်မြတ်သည် အမှန်ပင်အစ္စရာအီလ်အမျိုးသားတို့အား အတည်အမြဲနေရာထိုင်ခင်းနှင့် မင်္ဂလာရှိသောအရာ များကို ပေးသနားတော်မူ၏။ သူတို့ထံ၌ ပညာအလင်းရောင်ကြီးမရောက်မီ သူတို့အထဲ၌ ကွဲပြားခြင်းမရှိချေ။ မှတ်သားကြလော့။ သင်၏ ကျေးဇူးတော်သခင်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့အလယ်တွင် ၎င်းတို့၏ ကွဲပြားမှုကို စစ်ကြောစီရင်တော်မူလိမ့်မည်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည်ပင်အစ္စရာအီလီမျိုးနွယ်ဝင်တို့အား အလွန်ကောင်းမွန်သင့်မြတ်သောနေရာတွင် နေရာချထားပေးတော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည်ပင် ၎င်း တို့အား ကောင်းမွန်သန့်စင်သောစားနပ်ရိက္ခာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တစ်ဖန် ၎င်း တို့သည် မိမိတို့ထံ အသိပညာရောက်ရှိလာပြီးမှ သာလျှင် ကွဲလွဲခဲ့ကြပေသည်။ ဧကန်မလွဲ အသင်၏ အရှင်မြတ်သည် ၎င်း တို့၏စပ်ကြားတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ၎င်း တို့ကွဲလွဲလျက် ရှိကြကုန်သောအရေး ကိစ္စများနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူပေမည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် အစ္စရာအီလ်မျိုးနွယ်ဝင်များကို ‌ကောင်းမွန်သင့်‌တော်‌သော‌နေရာ၌ ‌နေရာချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည်ပင် သူတို့အား သန့်ပြန့်‌သော စားနပ်ရိက္ခာများကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ထံသို့ အသိပညာ‌ရောက်ရှိလာပြီးမှပင် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ကြား၌ ကွဲလွဲ‌နေသာကိစ္စနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek