Quran with Burmese translation - Surah Yunus ayat 95 - يُونس - Page - Juz 11
﴿وَلَا تَكُونَنَّ مِنَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ فَتَكُونَ مِنَ ٱلۡخَٰسِرِينَ ﴾
[يُونس: 95]
﴿ولا تكونن من الذين كذبوا بآيات الله فتكون من الخاسرين﴾ [يُونس: 95]
Ba Sein ၉၅။ ၎င်းအပြင်သင်သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်ငြင်းဆန်သူတို့အထဲတွင် မပါ ဝင်လင့်၊ ပါဝင်လျှင် သင်သည် ဆုံးရှုံးပျက်စီးသူတို့ဘောင်တွင် အပါအဝင်ဖြစ်ချေမည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့၏အနက်မှလည်း အလျင်း မဖြစ်ပါလေနှင့်။ သို့ဖြစ်ခဲ့ပါလျှင် အသင်သည်လည်း ဆုံးရှုံးသူတို့တွင် အပါအဝင်ဖြစ်သွားပေမည်။ |
Hashim Tin Myint ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သူများထဲမှလည်း လုံးဝ မဖြစ်ပါလေနှင့်၊ ထိုသို့ဖြစ်ခဲ့လျှင် အသင်သည်လည်း ဆုံးရှုံးပျက်စီးသူများထဲ၌ အပါအဝင်ဖြစ်သွားမည်ပင်ဖြစ်သည်။ |