×

သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) သည် ငါအရှင်မြတ်က အသင့်ထံချမှတ်ပေးအပ်တော် မူသော (တမန်တော်မူဆာနှင့်ဖါရိုမင်းဆက်ကြားဖြစ်ပွားခဲ့သော) အကြောင်းအရာနှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ 10:94 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:94) ayat 94 in Burmese

10:94 Surah Yunus ayat 94 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 94 - يُونس - Page - Juz 11

﴿فَإِن كُنتَ فِي شَكّٖ مِّمَّآ أَنزَلۡنَآ إِلَيۡكَ فَسۡـَٔلِ ٱلَّذِينَ يَقۡرَءُونَ ٱلۡكِتَٰبَ مِن قَبۡلِكَۚ لَقَدۡ جَآءَكَ ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ ﴾
[يُونس: 94]

သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) သည် ငါအရှင်မြတ်က အသင့်ထံချမှတ်ပေးအပ်တော် မူသော (တမန်တော်မူဆာနှင့်ဖါရိုမင်းဆက်ကြားဖြစ်ပွားခဲ့သော) အကြောင်းအရာနှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ ရှိနေခဲ့လျှင် အသင်မတိုင်မီ ချမှတ်ပေးအပ်တော်မူခဲ့သော ကျမ်းစာကို ဖတ်ရွတ်ကြသူတို့ကိုအား (ထိုအကြောင်း) မေး မြန်းလော့။ ဧကန်ပင်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံ တော်မှဖြစ်သော အမှန်တရားသစ္စာသည် အသင့်ထံ မုချ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက်မှ အပါအဝင် မဖြစ်လေနှင့်။

❮ Previous Next ❯

ترجمة: فإن كنت في شك مما أنـزلنا إليك فاسأل الذين يقرؤون الكتاب من, باللغة البورمية

﴿فإن كنت في شك مما أنـزلنا إليك فاسأل الذين يقرؤون الكتاب من﴾ [يُونس: 94]

Ba Sein
၉၄။ အို-မိုဟမ္မဒ်၊ သင်သည် သင့်အား ငါအရှင်မြတ်ထုတ်ပြန်ပို့ချသနားတော်မူသောကျမ်းတော်မြတ်၌ ဝိစိကိစ္စရှိလျှင် သင်မဖြစ်ပေါ်မီ ကျရောက်သောရှေးကျမ်းတော်များကို လေ့လာသူတို့အား မေးမြန်းကြည့်လော့။ သင်၏ ကျေးဇူး တော်သခင်ထံမှ သစ္စာတရားတော်ကြီးသည် သင့်ထံသို့ မုချဧကန်ကျရောက်လာပြီ။ ထို့ကြောင့်သင်သည် ယုံမှားသံသယရှိသူတို့ဘောင်တွင် မပါဝင်သင့်။
Ghazi Mohammad Hashim
တဖန် အကယ်၍ အသင်တို့သည် မိမိထံ ငါအရှင်မြတ် ချပေးသနားတော်မူသော အကြောင်းအချက်များနှင့်စပ်လျဉ်း၍ ဒွိဟသံသယဖြစ်ခဲ့ပါမူ အသင်သည် မိမိအလျင်ကျမ်းဂန်များကို ဖတ်လျက်ရှိသောသူတို့အား စုံစမ်းမေးမြန်းပါလေ။ စင်စစ်ဧကန် အသင့်ထံ အသင်၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိလာခဲ့လေပြီ။ သို့ဖြစ် ပေရာအသင်သည် ဒွိဟသံသယရှိသူတို့အနက်မှ အလျင်းမဖြစ်ပါလေနှင့်။
Hashim Tin Myint
၎င်း‌နောက် အကယ်၍ အသင်သည် အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော အရာများနှင့်ပတ်သက်၍ သံသယဖြစ်ခဲ့လျှင်* အသင်သည် အသင်၏မတိုင်မီ ကျမ်းဂန်များကို ဖတ်‌နေကြ‌သောသူများအား စုံစမ်း‌မေးမြန်းလိုက်ပါ။ အမှန်စင်စစ် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သံသယရှိသူများထဲမှ လုံးဝ မဖြစ်ပါ‌လေနှင့်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek