×

ထို့ပြင် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ကြသူတို့ဘက်သို့ မယိမ်းယိုင် မတိမ်းညွတ်ကြလေနှင့်။ သို့မဟုတ်ပါက ငရဲမီးသည် သင်တို့ကို ထိလာလိမ့်မည်။ (သတိပြုမှတ်သားသင့်သည်မှာ ထိုစဉ်) သင်တို့အတွက် 11:113 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:113) ayat 113 in Burmese

11:113 Surah Hud ayat 113 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 113 - هُود - Page - Juz 12

﴿وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ ﴾
[هُود: 113]

ထို့ပြင် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ကြသူတို့ဘက်သို့ မယိမ်းယိုင် မတိမ်းညွတ်ကြလေနှင့်။ သို့မဟုတ်ပါက ငရဲမီးသည် သင်တို့ကို ထိလာလိမ့်မည်။ (သတိပြုမှတ်သားသင့်သည်မှာ ထိုစဉ်) သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့်ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် သင်တို့အကူအညီပေးခံကြမည်လည်း မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ولا تركنوا إلى الذين ظلموا فتمسكم النار وما لكم من دون الله, باللغة البورمية

﴿ولا تركنوا إلى الذين ظلموا فتمسكم النار وما لكم من دون الله﴾ [هُود: 113]

Ba Sein
၁၁၃။ သင်တို့အား ငရဲမီးမထိစိမ့်သောငှာ သင်တို့သည် ဒုစရိုက်မှုကျူးလွန်သူတို့ဘက်သို့ မယိမ်းမယိုင်ကြလင့်။ အလ္လာဟ်အရှင်မြတ်မှ သင်တို့အား စောင့်ရှောက်သည့်အဆွေခင်ပွန်းမရှိချေ။ ထို့နောက်သင်တို့သည် အကူအညီ ခံရကြမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)ညှဉ်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ် ဝယ် ယုံကြည်စိတ်ချအားထားခြင်း မပြုကြကုန်လင့်။ သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့၌ ငရဲမီး(ဘေး)သည် ထိရောက်ပေမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ အဆွေခင်ပွန်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီမှိုင်းမခြင်းကိုလည်း ခံကြရမည်မဟုတ်ပေတကား။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် မတရားကျူးလွန်ကြ‌သောသူများအ‌ပေါ်တွင် ယုံကြည်စိတ်ချအားထားခြင်း မပြုကြနှင့်။* သို့ဖြစ်လျှင် အသင်တို့ကိုလည်း ငရဲမီးထိ‌ရောက်လိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိတ်‌ဆွေတစ်ဦးမှလည်း ရှိမည်မဟုတ်‌ပေ။ ၎င်း‌နောက် အသင်တို့သည် ကူညီခြင်းခံရမည်လည်း မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek