×

ငါအရှင်မြတ်က ရစူလ်တမန်တော်များ၏ (စံနမူနာယူဖွယ်ရာ သတင်းအချက်အလက်များနှင့်) အကြောင်းအရာများအနက်မှ (သမိုင်းဦးကာလ၌ စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်၍) အသင် (တမန်တော်) အား ပြောပြတော်မူသည့် 11:120 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:120) ayat 120 in Burmese

11:120 Surah Hud ayat 120 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 120 - هُود - Page - Juz 12

﴿وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ﴾
[هُود: 120]

ငါအရှင်မြတ်က ရစူလ်တမန်တော်များ၏ (စံနမူနာယူဖွယ်ရာ သတင်းအချက်အလက်များနှင့်) အကြောင်းအရာများအနက်မှ (သမိုင်းဦးကာလ၌ စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်၍) အသင် (တမန်တော်) အား ပြောပြတော်မူသည့် အကြောင်းအရာတိုင်းသည် ယင်းဖြင့် သင်၏နှလုံးသား (နှလုံးရည်) ကြံ့ခိုင်မြဲမြံစေရန်အတွက်ပင် ဖြစ်၏။ အသင့်ထံရောက်ခဲ့ပြီးဖြစ်သော ဤ (ကျမ်းတော်မြတ်ကုရ်အာန်) ၌ အမှန်တရားသစ္စာ၊ ဆုံးမသွန်သင်မှုဆိုင်ရာညွှန်ကြားချက်နှင့်ယုံကြည်သူတို့အတွက် သတိရ တသ၍ ဖွင့်ဟစရာများ ပါဝင်၏။

❮ Previous Next ❯

ترجمة: وكلا نقص عليك من أنباء الرسل ما نثبت به فؤادك وجاءك في, باللغة البورمية

﴿وكلا نقص عليك من أنباء الرسل ما نثبت به فؤادك وجاءك في﴾ [هُود: 120]

Ba Sein
၁၂ဝ။ ငါအရှင်မြတ်သည် သင်တမန်တော်အား တမန်တော်များ၏ အတ္ထုပ္ပတ္တိအကြောင်းအချင်းရာများကို ဗျာဒိတ်တော် ရှိခြင်းအကြောင်းမှာ ထိုအဖြစ်အပျက်များအားဖြင့် သင့်ထံသို့ သစ္စာတရားတော်ကျရောက်လာပြီ။ ဤတရားတော် သည် ယုံကြည်သူတို့အတွက် ဆုံးမသြဝါဒနှင့်သတိပေးတရားဖြစ်၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်များ၏ အကြောင်းသတင်းများအနက်မှ အကြင်အကြောင်းသတင်း အလုံးစုံကို အသင်အား ပြောကြားတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကြောင်း သတင်းများဖြင့်အသင်စိတ်နှလုံးကို မြဲမြံကြံ့ခိုင် စေတော်မူ၏။ ၎င်းပြင် ဤကဏ္ဍတွင် အမှန်တရားလည်း အသင့်ထံ ရောက်ရှိလာခဲ့လေပြီ။ထိုနည်းတူစွာ (ဤအကြောင်းသတင်းများတွင်) မုအ်မင်(န်)သက်ဝင်ယုံကြည် သူတို့အဖို့ ဆုံးမဩဝါဒသည်လည်းကောင်း၊သတိပေး နှိုးဆော်ချက်သည်လည်းကောင်း၊ ရှိပေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များ၏အ‌ကြောင်းများထဲမှ အကြင် အ‌ကြောင်းများအားလုံးကို အသင့်အား ‌ပြောပြ‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအ‌ကြောင်းနှင့် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်‌စေ‌တော်မူသည်။ ထို့ပြင် ဤကဏ္ဍတွင် အမှန်တရားသည်လည်း အသင်၏ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၎င်း‌နောက် ယုံကြည်သူများအတွက် ဆုံးမဩဝါဒနှင့် သတိ‌ပေးနှိုး‌ဆော်ချက်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek