×

(သဘောထားကွဲလွဲမှုကို ရပ်တန့်စေမည့်သူတို့မှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာတော်(ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်ဖြောင့်မတ်မှန် ကန်သော လမ်းစဉ်တော် ချီးမြှင့်ပေးအပ်တော်မူ၍ ကရုဏာ) သက်တော်မူသူများသာ 11:119 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:119) ayat 119 in Burmese

11:119 Surah Hud ayat 119 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 119 - هُود - Page - Juz 12

﴿إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ﴾
[هُود: 119]

(သဘောထားကွဲလွဲမှုကို ရပ်တန့်စေမည့်သူတို့မှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာတော်(ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်ဖြောင့်မတ်မှန် ကန်သော လမ်းစဉ်တော် ချီးမြှင့်ပေးအပ်တော်မူ၍ ကရုဏာ) သက်တော်မူသူများသာ ဖြစ်၏။ ထိုအတွက်ကြောင့်သာ သူတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ပြီး သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏မုက္ခပါဌ်တော်၌ “ဧကန်ပင်၊ ငါအရှင်မြတ်သည် ငရဲဘုံကို လူသားနှင့်ဂျင်န်အားလုံးအနက်မှ (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ချိုးဖောက်လျက် ငရဲမီးနှင့်ထိုက်တန်သူများဖြင့်) ပြည့်နှက်စေမည်။"" ဟုလည်း” (စုံလင်စွာ) အပြီးသတ် ပြည့်စုံစေတော်မူ၏။

❮ Previous Next ❯

ترجمة: إلا من رحم ربك ولذلك خلقهم وتمت كلمة ربك لأملأن جهنم من, باللغة البورمية

﴿إلا من رحم ربك ولذلك خلقهم وتمت كلمة ربك لأملأن جهنم من﴾ [هُود: 119]

Ba Sein
၁၁၉။ သင်၏ အရှင်သခင်ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောသူကား ယင်းသို့မပြုကျင့်ချေ။ အရှင်မြတ်သည် လူသားတို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူဖို့ရာ ဖန်ဆင်းတော်မူ၏။ သင်၏ သခင်၏ ဗျာဒိတ်တော် သည် အတည်ဖြစ်ပြီး အမှန်စင်စစ်ငါအရှင်မြတ်သည် အဝီစီငရဲကို ဂျင်နတ်သား၊ လူသားနှစ်မျိုးလုံးအားဖြင့် အပြည့်ဖြည့်တော်မူမည်။
Ghazi Mohammad Hashim
အသင်၏ အရှင်မြတ်က ကရုဏာပြုတော်မူသော သူတို့မှတစ်ပါး စင်စစ်မှာမူကား ထိုအရှင် မြတ်သည်ဤသည့်အတွက်ကြောင့်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်(န်)သတ္တဝါများနှင့် လူများအားလုံးဖြင့် ပြည့်နှက်စေတော်မူမည်ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏စကားတော်လည်း ဆုံးခန်းတိုင် ရောက်ခဲ့လေပြီ။
Hashim Tin Myint
သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကရုဏာပြု‌တော်မူထား‌သောသူကမူ (ထိုကွဲလွဲသူများထဲ၌) မပါဝင်‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် ဤအတွက်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များနှင့် လူများအားလုံးဖြင့် ပြည့်နှက်‌စေ‌တော်မူမည်*ဟု အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်သည်လည်း ပြည့်စုံခဲ့ပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek