Quran with Burmese translation - Surah Hud ayat 34 - هُود - Page - Juz 12
﴿وَلَا يَنفَعُكُمۡ نُصۡحِيٓ إِنۡ أَرَدتُّ أَنۡ أَنصَحَ لَكُمۡ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغۡوِيَكُمۡۚ هُوَ رَبُّكُمۡ وَإِلَيۡهِ تُرۡجَعُونَ ﴾
[هُود: 34]
﴿ولا ينفعكم نصحي إن أردت أن أنصح لكم إن كان الله يريد﴾ [هُود: 34]
Ba Sein ၃၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လမ်းမှားတွင် ပစ်ထားလိုတော်မူပါလျှင် ငါသည် သင်တို့အား ဆုံးမ သွန်သင်သော်လည်း ငါ့တရားတော်သည် သင်တို့အား အကျိုးပေးမည်မဟုတ်ချေ။ အရှင်မြတ်သည် သင်တို့၏ ကျေးဇူးတော်သခင်ဖြစ်တော်မူ၏။ သင်တို့ကို အရှင်မြတ်အထံတော်သို့ ပြန်ယူခဲ့မည်သာတည်းဟု ပြောကြား၏။ |
Ghazi Mohammad Hashim စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (အသင်တို့၏ငြင်းပယ်မှုကြောင့်) လမ်းမှားစေတော်မူရန် ရည်ရွယ်တော်မူခဲ့လျှင် ငါသည် အသင်တို့အတွက် (မည်မျှပင်)ကောင်းကျိုးဆောင်ရန် ရည်ရွယ်လျှင်လည်း ငါ၏အကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်ထွန်းစေနိုင်မည် မဟုတ်ပေ။* အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းနောက် အသင်တို့သည် ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ |