Quran with Burmese translation - Surah Hud ayat 33 - هُود - Page - Juz 12
﴿قَالَ إِنَّمَا يَأۡتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعۡجِزِينَ ﴾
[هُود: 33]
﴿قال إنما يأتيكم به الله إن شاء وما أنتم بمعجزين﴾ [هُود: 33]
Ba Sein ၃၃။ တမန်တော်နူဟိုသည် သူတို့အား အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အရှင်မြတ်သာလျှင် အပြစ်ဒဏ်တော် ကို သင်တို့အပေါ်သို့ ကျစေတော်မူမည်။ ထိုအခါသင်တို့သည် မည်သည့်နည်းနှင့်မျှ ထွက်မပြေးနိုင်ချေ။ |
Ghazi Mohammad Hashim (နဗီတမန်တော်နူဟ်သည်ဤသို့)ပြောဆို ပြန်ကြားခဲ့လေသည်။ (အချင်းတို့) အကယ်၍ ထိုအရှင်မြတ်သည်အလိုရှိတော်မူခဲ့ပါလျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယူလာတော်မူပေမည်။ စင်စစ်သော်ကား အသင်တို့သည်(ထိုအရှင်မြတ်အား ပြစ်ဒဏ်ယူလာတော်မူခြင်းကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်သူများမဟုတ်ကြချေ။ |
Hashim Tin Myint သူ(တမန်တော် နူးဟ်)ကပြောသည်- အကယ်၍ အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်ပင် ယူဆောင်လာတော်မူမည် ဖြစ်သည်။ ထို့ပြင် (အမှန်စင်စစ်) အသင်တို့သည် (အရှင်မြတ် ယူလာတော်မူမည်ကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်သူများ မဟုတ်ပေ။ |