Quran with Burmese translation - Surah Hud ayat 84 - هُود - Page - Juz 12
﴿۞ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٖ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ مُّحِيطٖ ﴾
[هُود: 84]
﴿وإلى مدين أخاهم شعيبا قال ياقوم اعبدوا الله ما لكم من إله﴾ [هُود: 84]
Ba Sein ၈၄။ ထို့အပြင်ငါအရှင်မြတ်သည် မဒရမ်မြို့သူမြို့သားများထံသို့ သူတို့၏ သားချင်းတမန်တော်ရှုအိုက်(ဘ်)ကို စေလွှတ် တော်မူ၏။ သူသည် ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ သင်တို့တွင် အလ္လာဟ်အရှင် မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ သင်တို့သည် အတိုင်းအထွာမခိုးကြလင့်။ အလေးလည်း မခိုးကြလင့်၊ မှတ်သားကြလော့။ သင်တို့သည် ပစ္စည်းဥစ္စာပေါများကြွယ်ဝသည်ကို ငါမြင်၏။ မှတ်သားကြလော့။ သင်တို့ကို ဝိုင်းဝန်းထားမည့်နေ့တော်ကြီး၏ အပြစ်ဒဏ်တော်ကို သင်တို့အဖို့ ငါကြောက်ရွံ့၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။ |
Hashim Tin Myint ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏ညီအစ်ကိုဖြစ်သော (တမန်တော်)ရှိုအိုဗ်အား (စေလွှတ်တော်မူခဲ့သည်)။ ၎င်းက ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွင် ထိုအရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်သောအရှင် မရှိပေ။ ထို့ပြင် အသင်တို့သည် ပမာဏအခြင်အတွယ်နှင့် အချိန်အတွယ်ကို မလျှော့ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အား ကောင်းမွန်စွာရှိနေသည်ကို တွေ့မြင်ရသည်။ ၎င်းနောက် အမှန်စင်စစ် ငါသည် အသင်တို့အပေါ်တွင် ဝန်းရံမည့်နေ့၏အပြစ်ဒဏ်ကို စိုးရိမ်သည်။ |