Quran with Burmese translation - Surah Yusuf ayat 15 - يُوسُف - Page - Juz 12
﴿فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ ﴾
[يُوسُف: 15]
﴿فلما ذهبوا به وأجمعوا أن يجعلوه في غيابت الجب وأوحينا إليه لتنبئنهم﴾ [يُوسُف: 15]
Ba Sein ၁၅။ ထို့နောက်သူတို့သည် ယူစွတ်(ဖ်)အား ယူသွားသည်။ သူ့ကို တွင်းနက်ထဲသို့ ပစ်ချဖို့ အားလုံးသဘောတူကြသည်။ ထိုအခါငါအရှင်မြတ်သည် ယူစွတ်(ဖ်)အား ၎င်း၏ စိတ်တွင် ဤသို့ထင်ရှားစေတော်မူ၏။ သင်သည် သူတို့အား ဤရက်စက်ကြမ်းကြုတ်မှုကို ပြန်ပြောရလတ့ံ။ ထိုအခါသူတို့သည် သင် ယူစွတ်(ဖ်)ဖြစ်ကြောင်းကို သိမည် မဟုတ်ချေ။ |
Ghazi Mohammad Hashim ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ခေါ်ဆောင်သွားပြီး ၎င်းကို ရေတွင်း၏စောက်နက်ထဲ၌ပစ်ချရန် တစ်ညီတစ်ညွတ်တည်း(ဆုံးဖြတ်)ပြဋ္ဌာန်းကြသောအခါ ငါအရှင်မြတ်သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ထံသို့ ဝဟီ အမိန့်တော် ထုတ်ပြန်ပို့ချပေးတော်မူခဲ့သည်- “သူတို့အနေနှင့် အသင့်အား မမှတ်မိဘဲရှိနေစဉ် အသင်သည် သူတို့အား သူတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အမှန်ပင် ထုတ်ဖော်ပြောကြားရလိမ့်မည်။“ |